အပြောင်းအရွှေ့ရာသီမှာ လက်သွက်နေတဲ့ လီဗာပူလ်းအသင်းကတော့ နောက်ထပ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ နီးစပ်နေတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းဟာ စတုတ်စီးတီးအသင်းရဲ့ ကစားသမား ရှာကွီရီကို ခေါ်ယူဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။ရှာကွီရီကို လီဗာပူလ်းအသင်းရဲ့ နည်းပြ ဂျာဂန်ကလော့ က အကြိုက်တွေ့နေတာကြောင့် အန်ဖီလ်းကို ခေါ်ယူသွားဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

လီဗာပူလ်းအသင်းဟာ ရှာကွီရီအတွက် ပေါင် ၁၂ သန်းအသုံးပြုသွားမှာလည်းဖြစ်ပါတယ်။လက်ရှိမှာ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးမှုတွေ နှစ်ဖက်လုံးပြုလုပ်နေတာလည်းဖြစ်ပါတယ်။ကစားသမားကိုယ်တိုင်ကလည်း လီဗာပူလ်းအသင်းကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။

ရှာကွီရီဟာ တောင်ပံကစားသမားတစ်ဦးဖြစ်ပြီး မြန်နူန်းမြင့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။သူဟာ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန် စတဲ့ အသင်းကြီးတွေမှာ ကစားခဲ့ဘူးတာလည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့တာကြောင့် ရှာကွီရီကို ခေါ်ယူဖို့ အသင်းအများစု ချည်းကပ်လာခဲ့ကြတာဖြစ်ပါတယ်။

Source : The Sun Football 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။