ခရားပန်းလေးတွေဟာပုံမှာမြင်ရတဲ့အတိုင်း စိတ်ဝင်စားဖို့ကောင်းလှပီး သူတို့ရဲ့ပုံသဏ္ဍာန်ဟာကရားတစ်ခုနဲ့တော်တော်လေးကိုတူနေပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ဒီအပင်လေးတွေဟာတခြားပန်းတွေနဲ့မတူပဲ အသားစားအပင်ဖြစ်နေလို့ပါပဲ။ အင်းဆက်တွေဟာ ခရားပန်း ်လေးတွေရဲ့ အတွင်းပိုင်းက အချိုသာရှိတဲ့အရည်တွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် ကရားပန်းတွေဟာ ဒီနည်းနဲ့ အင်းဆက်တွေကိုထောင်ချောက်ဆင်ပီး ဖမ်းယူစားသောက်ကြပါတယ်။ 

ဖမ်းယူစားသောက်တဲ့ပုံစံကတော့ အင်းဆက်တွေဟာခရားပန်းရဲ့အတွင်းပိုင်းထဲရှိအရည်တွေကို စားသောက်ဖို့အတွက် အထဲကိုဆင်းပီးတဲ့အခါမှာ ပြန်တက်မလာနိုင်တော့ပဲဖြစ်သွားရပါတယ်။အာ့ဒီအခါကျတော့မှ ခရားပန်းတွေဟာ သူတို့ရဲ့အတွင်းပိုင်းမှာရှိတဲ့ အင်းဆက်တွေကို တဖြည်းဖြည်းချင်းစားပါတော့တယ်။ ခရားပန်းတွေဟာ အရွယ်အစား မျိုးစုံရှိကြပီး အကြီးဆုံးကတော့ အတွင်းပိုင်းထဲကို ရေတစ်လီတာတောင်ထည့်လို့ရပါတယ်။ 

အစပိုင်းမှာတော့ ဒီအပင်ဟာလူတွေရဲ့အသားကိုလည်းစားတယ်လို့ကောလဟာသတွေရှိလာခဲ့ပါတယ်။ နောက်ပိုင်းတော့ ကောလဟာသတွေဟာတစ်ကယ်မှန်လာခဲ့ပီးခရားပန်းတွေဟာ တစ်ကယ်ပဲလူတွေရဲ့အသားကိုလည်းစားပါတယ်။ဒါပေမယ့် သူတို့ဟာဖြေးညုင်းစွာပဲစားနိုင်တာကြောင့် အနည်းငယ်လောက်သာစားနိုင်ပါတယ်။ဒါ့အပြင် ခရားပန်းတွေဟာအလွန်ဆုံးမှရေတစ်လီတာပဲဝင်ဆံ့တာကြောင့် ကလေးသေးသေးလေးကိုတောင်စားလို့မရနိုင်ပါဘူး။

Source: Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။