လက်ရှိမှာယှဉ်ပြိုင်ကစားလျက်ရှိတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ပရိသတ်တွေထင်မှတ်မထားတဲ့ရလဒ်တွေ၊ ကစားကွက်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ဆုံးပွဲတစ်ပွဲဖြစ်လို့နေပါတယ်။မကြာခင်မှာ ယှဉ်ပြိုင်ကစားမယ့် အင်္ဂလန်နဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ပွဲမှာတော့ အင်္ဂလန်ပရိသတ်တွေအနေနဲ့ သူတို့အသင်းကို လာရောက်အားပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သံအမတ်ဖြစ်တဲ့ အသက် ၃၄ နှစ်အရွယ် ရုရှားအလှမယ်ဟောင်း ဗစ်တိုးရီးယား လိုပါရီဗာက ဖိတ်ခေါ်လိုက်ပါတယ်။ 

လတ်ရှိမှာတော့ ရုရှားနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ နိုင်ငံရေးအခြေအနေတွေဟာ အနဲအငယ် တင်းမာမှုတွေရှိနေပြီး ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတာကြောင့် ရုရှားအထိ လိုက်ပါအားပေးတဲ့ အင်္ဂလန်အသင်း ပရိသတ် အရေအတွက်ဟာလည်းအရမ်းကို နည်းပါးနေခဲ့တာပဲ ဖြစ်ပါတယ်။ထို့ကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ သံအမတ်ဖြစ်တဲ့ ရုရှားအလှမယ်ဟောင်းက ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။

ဖီဖာသံအမတ် ဗစ်တိုးရီးယား လိုပါရီဗာကတော့ " နိုင်ငံရေးနဲ့ဘောလုံးအားကစား ကိုခွဲခြားဖို့လိုသလို အင်္ဂလန်ပရိသတ်တွေ အနေနဲ့ ရုရှားအထိ လာရောက်ပြီး သူတို့အသင်းကို အားပေးသင့်တယ်လို့ ပြောပါတယ်။ကိုယ့်နိုင်ငံအသင်းကို နိုင်ငံသားတိုင်း အားပေးတာဟာ ရိုးရှင်းတဲ့ တာဝန်တခုပါပဲလို့လည်း ဆိုထားပါတယ်။အင်္ဂလန်နဲ့ ခရိုအေးရှားတို့ကတော့ ဇူလိုင် ၁၂ ရက်နေ့ မြန်မာစံတော်ချိန် (၁၂)နာရီမိနစ်(၃၀)ခန့်မှာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။