ပဲနို့တွင်ပါဝင်တဲ့ ရေဓာတ်က ၉၀ ရာခိုင်နူန်းရှိပြီး ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ တွေဟာနွားနို့ထက်တော့ နည်းပါးပါတယ်။ပဲနို့မှာ အများဆုံးပါဝင်တာကတော့ ဆူးခရိုစ်၊သကြားဓာတ်၊ တွေပါဝင်နေပါတယ်။နွားနို့မှာပါဝင် တဲ့သကြားဓာတ်ကတော့ လက်တို့စ်သကြားဓာတ်ကြောင့် လေပွခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း၊အစာမခြေနိုင် ခြင်း၊ တို့ကိုတစ်ချို့သောလူတွေခံစားရလည်းရှိတတ်ကြပါတယ်။ပဲနို့ကတော့ ဒီလိုပြသာနာတွေမဖြစ်စေပါဘူး။

ပဲနို့ဟာကျန်းမာရေးအတွက်အထောက်ကူပြုပေးပါတယ်။ပဲနို့မှာပါတဲ့ ပရိုတင်းဟာ ကလေးတွေအတွက် ခန္ဓာကိုယ် ကြီးထွားမှုကိုအားပေးပြီး လူကြီးတွေအတွက်ကတော့ အမိုင်နိုအက်ဆစ် ပါဝင်တဲ့မတွက်လည်း လူကြီးတွေအတွက် မဖြစ်မနေသောက်သုံးသင့်တဲ့အထဲပါဝင်ပါတယ်။နွားနို့လည်း လူတွေအတွက်ကောင်းတဲ့ ကျန်းမာရေးကိုပေးပါတယ်။ပဲနို့ရဲ့အဆီဟာ နွားနို့မှာပါသလောက် မများတာကိုတွေ့ရပါတယ်။ 

အသက်ကြီးတဲ့သူတွေအတွက်ကတော့ အဆီအပြည့်ပါတဲ့ နွားနို့ထက် ပဲနို့ကပိုသင့်တော်ပါတယ်။နွားနို့သောက် မယ်ဆိုရင်လည်း အဆီလျော့ထားတဲ့ နွားနို့ဆိုရင် ကောင်းပါတယ်။နွားနို့ဟာကိုယ်လိုရီများတဲ့အတွက် ဖွံ့ဖြိုးကြီး ထွားလိုသူတွေ ပိုသောက်သုံးသင့်ပါတယ်။ ပရိုတင်းအားပါတဲ့အတွက် ကလေးတွေကို နွားနို့တိုက်သင့်ပါ ကြောင့် တင်ပြလိုက်ရပါတယ်။

Source : ကြေးမုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။