လက်ရှိပြည်တွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများစွာဖြစ်ပေါ်ခဲ့တာအားလုံးသိမယ်ထင်ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ရေဘေးဒုက္ခများစွာ ခါးသီးခံခဲ့ရပြီး ပြည်သူများစွာရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများစွာကိုလည်း သိမ်းပိုက်သွားတာတွေ့ရပါတယ်။  

လက်ရှိ မိုးရွာသွန်းမှုကြောင့် ကော့သောင်းမြို့ဒေသများစွာရေကြီးမှုခံနေရကြောင်း သိရပါတယ်။ မိုးရွာသွန်းမှုက ဇူလိုင် ၁၀ ရက်နေ့ကစတင်ရွာသွန်းခဲ့ပြီး အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် တောင်စောင်း၊ တောင်ကုန်းများပေါ်မှတစ်ဆင့် မိုးရေများစီးဆင်းလာကာ ရွှေပြည်စိုးကျေးရွာမှတစ်ဆင့် ကော့သောင်းမြို့တွင်းသို့ ဝင်ရောက်သည့် မြို့ပတ်လမ်းဘေးရှိ ထားဝယ်စုရပ်ကွက် လမ်းများပေါ်တွင် ရေလွှမ်းမှု ဖြစ်ပေါ်ခဲ့ရာ ဒီကနေ့ နံနက် ၆ နာရီမှ ၈ နာရီခန့်အထိ ယာဉ်သွားလာမှုများ ခေတ္တရပ်ဆိုင်းခဲ့ရပြီး ရပ်ကွက်ပြည်သူအချို့ နေအိမ်စွန့်ခွာမှုတွေရှိခဲ့ကြောင်းသိရပါတယ်။ 

ဒီကနေ့ ၁၁ နာရီခန့်တွင် မိုးစဲသွားခဲ့ပြီး လမ်းမပေါ်ရှိရေများ ပြန်လည်ကျဆင်းသွားခဲ့ပြီး အများပြည်သူ ယာဉ်သွားလာမှုများ ပြန်လည်အဆင်ပြေခဲ့တာကြောင်းသိရပါတယ်။ ရေကြီးမှုဖြစ်ပွားခြင်းကြောင့် ရပ်ကွက်ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ရေစီးရေလာပိတ်ဆို့မှု ဖြစ်ပေါ်လျက်ရှိသည့် ရေနှုတ်မြောင်းများအား အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဝင်ရောက်သည့် ပြည်သူများ၏ နေအိမ်များမှပစ္စည်းများအား ရေလွတ်ကင်းရာသို့ ကူညီသယ်ယူပေးခြင်း လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးမှုကြောင့် ရပ်ကွက်ပြည်သူ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။