တရုတ်အစိုးရကတော့ ပါကစ္စတန်နိုင်ငံအတွက် PRSS-1 နဲ့ PakTES-1A လို့အမည်ရတဲ့ ဂြိုလ်တုနှစ်လုံးကို လွှတ်တင်ပေးခဲ့တယ်လို့သိရပါတယ်။

၎င်းဂြိုလ်တုနှစ်လုံးကိုတော့ တရုတ်အစိုးရဟာ နိုင်ငံရဲ့ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုလ်တုလွှတ်တင်ရေး ဌာနကနေ ဇူလိုင်လ ၉ ရက်နေ့က လွှတ်တင်ပေးခဲ့တာပဲဖြစ်ပါတယ်။

PRSS-1 ဂြိုလ်တုကတော့ တရုတ်နိုင်ငံက ပါကစ္စတန်ကိုရောင်းပေးတဲ့ ပထမဆုံး အမြင်အာရုံဆိုင်ရာ အဝေးထိန်းအာရုံခံစနစ်ပါဝင်တဲ့ ဂြိုလ်တုတစ်လုံးပဲဖြစ်ပါတယ်။

PakTES-1 ကတော့ ပါကစ္စတန်နိုင်ငံက တီထွင်ထုတ်လုပ်တဲ့ သိပ္ပံသုတေသန ဂြိုလ်တုဖြစ်တယ်လို့လည်း သိရပါတယ်။

ဂြိုလ်တုပတ်လမ်းကြောင်းထဲရောက်အပြီးချိန်မှာတော့ ဂြိုလ်တုကအခြေအနေကောင်းပြီး နေစွမ်းအင်သုံး ဘောင်ကွက်တွေကလည်း ချောချောမောမော အလုပ်လုပ်တယ်လို့သိရပါတယ်။

၎င်း ၇နှစ်သက်တမ်းအတွက် ပုံစံထုတ်ထားတဲ့ ဂြိုလ်တုကိုတော့ ရောင်စဉ်ဖြာကင်မရာ ၂ လုံးတပ်ဆင်ထားပြီး ၆၀ ကီလိုမီတာအကွာက ပုံရိပ်တွေကို ဖမ်းယူရိုက်ကူးနိုင်တယ်လို့သိရပါတယ်။ဒါ့အပြင် အပင်တွေရဲ့ ရောဂါနဲ့ ပိုးမွှားတွေကို စောင့်ကြည့်ရာမှာလည်း သုံနိုင်သလို ထိုကင်မရာတွေက တရုတ်နိုင်ငံက ပြည်ပကို တင်ပို့တဲ့ အကောင်းဆုံး အဝေးထိန်း အာရုံခံကင်မရတွေဖြစ်တယ်လို့သိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။