ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်က တုုိက်စစ်မှုး မုုိရာတာအတွက် သင့်တင့်လျောက်ပတ်တဲ့ ပြောင်းရွေ့ကြေး ရရှိပါက ရောင်းထုုတ်သွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုုက်ပါတယ်။ မုုိရာတာအား ချဲလ်ဆီးနှင့် အာဆင်နယ် အသင်းတုုိ့က ခေါ်ယူရန် စောင့်ကြည့်နေပြီး၊ ပီရက်ဇ်က မုုိရာတာအတွက် ပေါင်(၅၁) သန်းအထိ သတ်မှတ်ထားကြောင်း သိရပါတယ်။

မုုိရာတာဟာ နည်းပြ ဇီဒန်းလက်အောက်တွင် ပုုံမှန်ပွဲထွက်ခွင့် ရရှိရန် ရုုန်းကန် နေခဲ့ရပြီး၊ အရံခုံုတွင် ထုုိင်နေရခြင်းကုုိ မပျော်ရွှင်တော့ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ပီရက်ဇ်က - “မုုိရာတာကုုိ ခေါ်ယူချင်နေတဲ့ အသင်းတွေ အနေနဲ့ ပြောင်းရွေ့ကြေး ပေါင်(၅၁)သန်း ပေးချေနုုိင်ရန်၊ ငွေပေးပြီးနောက်တစ်နေ့မှာ ခေါ်သွားနုုိင်ပါပြီ” ဟုု ပြောကြား သွားခဲ့ပါတယ်။

အသက်(၂၄)နှစ်အရွယ် မုုိရာတာသည် ပုံုမှန်ပွဲထွက်ခွင့် မရခဲ့သော်လည်း ရီးရဲလ်မက်ဒရစ် အတွက် ယခုုနှစ် ဘောလုံုးရာသီတွင် သွင်းဂုုိး (၉ ) ဂုုိးအထိ ရယူပေးထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။