ဇူလိုင် ၁၁ ရက်နေ့ ဒီနေ့မနက် အစောပိုင်းမှာ တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန်းပြည်နယ် လျန်ကျင်းမြို့ကနေတဆင့် ကုန်းတွင်းပိုင်းသို့

စူပါတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါ မုန်တိုင်းဟာ တနာရီ လေတိုက်နှုန်း ၉၄ မိုင်နဲ့ ဝင်ရောက်ခဲ့တယ်လို့ ဒေသခံ မိုးလေဝသ အာဏာပိုင်တွေက ပြောပါတယ်။စန်းရှမြို့မှာတော့ မုန်တိုင်းဒီရေက ပေ ၃၀ ကျော် မြင့်တက်ခဲ့တာကြောင့် ဆောက်လုပ်ဆဲ ကမ်းရိုးတန်းပတ် အဝေးပြေးလမ်းပါ ပျက်စီးခဲ့ပရတယ်လို့သိရပါတယ်။ 

တရုတ်နိုင်ငံ အာဏာပိုင်တွေကတော့ ဇူလိုင် ၁၀ ရက်နေ့မှာ အရေးပေါ်တုံ့ပြန်ရေး သတိပေးချက်ကို အဆင့်မြင့်ဆုံးအထိ တိုးမြှင့်ထုတ်ပြန်ခဲ့ပါတယ်။ယခုနှစ်အတွင်း ၈ ခုမြောက် တိုင်ဖွန်းမုန်တိုင်းအဖြစ်တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်း မာရီယာဟာ ဇူလိုင် ၁၀ ရက် ညနေ ၅ နာရီမှာ သာမန်တိုင်ဖွန်းအဖြစ် အင်အားလျော့နည်းလာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာမှ မူလလမ်းကြောင်းကနေ တနာရီ ၃၀ ကီလိုမီတာနှုန်းနဲ့ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့တာပဲဖြစ်ပါတယ်။ 

လက်ရှိမှာတော့ မုန်တိုင်းစတင်ဝင်ရောက်ရာ ဖူကျန်းပြည်နယ်မှာ ကျောင်းတွေကို ပိတ်ထားပြီး ဒီနေ့အစောပိုင်းအတွက် ရုံးတွေနဲ့ စက်ရုံတွေကိုပါ ပိတ်ထားခဲ့ရတယ်လို့သိရပါတယ်။ဆက်လက်ပြီးလေကြောင်းခရီးစဉ် အတော်များများအပြင် ရထားနဲ့ ကုတို့ယာဉ် ဝန်ဆောင်မှုတွေကိုလည်း ရပ်နားထားရတာပဲ ဖြစ်ပါတယ်။မုန်တိုင်းမဝင်ခင်တည်းက ပြုပြင်ထိန်းသိမ်းရေး လုပ်သားတွေက ရေထွက်ပေါက်တွေ၊ ရေမြောင်းတွေကို ရှင်းထားပြီး လမ်းဘေးသစ်ပင်တွေ မလဲအောင် အားဖြည့် ထောက်မထားသလို ရေဘေးထိန်းချုပ်ရေး ပစ္စည်းတွေကိုပါ အသင့်ပြင်ထားတယ်လို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။