တေးသီချင်းကောင်းလေးတွေနြ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်ရဲလေးကတော့ သတိရရင်အားပေးပါဦးဆိုပြီး သူ့ရဲ့ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်..။

ဓာတ်ပုံလှလှလေးတွေရိုက်လို့ရတဲ့ The galleria 9 cafe & restaurant ဆိုင်လေးမှာ ဆွဲဆောင်မှုရှိရှိဓာတ်ဖမ်းရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်တာပဲ ဖြစ်ပါတယ်..။

အမြဲသီချင်းကောင်းကောင်းလေးတွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလေ့ရှိတဲ့ အဆိုတော်ရဲလေးကတော့ သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဓာတ်ပုံလေးတွေနဲ့အတူ “ဟိုနေ့

က မိုးလေးအေးတုန်းဓါတ်ဆရာကိုKo Zin နဲ့ဓါတ်ဖမ်းခဲ့ ...

သတိရရင်အားပေးပါခင်ဗျ..” ဆိုပြီး ရေးသားထားတာလည်း တွေ့ရပါတယ်..။

အဆိုတော်ရဲလေးကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးမှုတွေကို အများဆုံးရရှိထားသလို သူ့ရဲ့အသံချိုချိုအေးအေးလေးနဲ့ တေးသီချင်းကောင်းလေးတွေကြောင့်လည်း ဂီတလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်..။

ထို့ပြင်ဖော်ရွေပြီး ချစ်စရာကောင်းတဲ့အပြုအမူလေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့အပြုံးလေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲချစ်ခင်အားပေးနေကြရတာလည်း တွေ့ရပါတယ်..။

သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲပြန်လည်မျှဝေလေ့ရှိတဲ့ အဆိုတော်ရဲလေးကတော့ တေးသီချင်းအသစ်တွေနဲ့ အနုပညာလုပ်ငန်းတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေပြီး လတ်တလောမှာလည်း ချစ်ရတဲ့ပရိသတ်တွေကို ဓာတ်ပုံလေးတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ရဲလေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။