မြတ်ပုဏ္ဏမီနိုင်ကတော့ ဟောလိဝုဒ်မင်းသမီးတွေလို ညို့ငင်ဖမ်းစားနိုင်တဲ့ မျက်ဝန်းတွေကို ပိုင်ဆိုင်ထားသူလေးပါ။ ဝါဝင်းစိုပြေတဲ့ အသားအရေပိုင်ရှင်လေး ဖြစ်ပြီး နာမည်လေးလှသလို ရုပ်လေးကလည်း တော်ဝင်ဆန်တဲ့ အလှပိုင်ရှင်လေး ဖြစ်ပါတယ်။ သူမက Miss Forever Gems 2013 ရဲ့ သရဖူပိုင်ရှင်လေးလည်း ဖြစ်ပါတယ်။

နန်းဆန်လောက်အောင်လှတဲ့သူမက Model တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ သူမက Idea Magazineရဲ့ မျက်နှာဖုံးပိုင်ရှင်လေးအဖြစ် စတင်ရိုက်ကူးခဲ့ပါတယ်။ နာမည်ကြီး စိန်ရွှေဆိုင်တွေဖြစ်တဲ့ စိန်နန်းတော်၊ ဝိန့်စိန်တို့ရဲ့ ပင်တိုင်မော်ဒယ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Bodyကလည်း လုံးဝကို Perfect ဖြစ်အောင်လှပြီး ရှိုးပွဲတွေမှာပါဝင်လျှောက်လှမ်းခဲ့တဲ့အပြင် အခြားကြော်ငြာနဲ့photo shooting တွေလည်း ရိုက်ကူးခဲ့ပါတယ်။

စိုင်းစိုင်းရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ HoneyMoon Lipstick လေးကိုလည်း သူမနဲ့အတူ ကြော်ငြာခဲ့ပါတယ်။ ဒီကြော်ငြာထဲမှာလည်း သူမကိုဆွဲမက်ဖွယ်အလှနဲ့ ချစ်စရာကောင်းနေတာတွေ့ရပါတယ်။ လောလောဆယ်မှာတော့သူမအနေနဲ့ ပွဲတွေတက်ရောက်နေတာတွေ့ရပါတယ်။ အခုလည်း Fit Way Gym ဖွင့်ပွဲကို အနက်ရောင်ဝတ်စုံလေးနဲ့ တက်ရောက်ခဲ့ဲပြီး ဟောလိဝုဒ်မင်းသမီးတွေလို တောက်ပထူးခြားတဲ့အလှနဲ့ မြင်တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘိုမရုပ်လေးလိုလှပတဲ့ မြတ်ပုဏ္ဏမီနိုင်ရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source: Myat Ponnami Naing;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။