တိမ်တိုက်တံတားဆိုတာ ထူးခြားတဲ့ ရိုက်ချက်တွေ ၊ ချစ်စရာ တောင်ပေါ်ဒေသရှုခင်းတွေနဲ့ ထုံမွှမ်းထားတဲ့ မြန်မာရုပ်ရှင်ကားကြီးတစ်ကားပါ ။ ဗီယကနမ် မလေး ငုယင်ထရန်ဟုမေ ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ခုလည်းဖြစ်တာကြောင့် အမျိုးသားပရိသတ်တွေဝန်းရံနေကြတဲ့ ဇာတ်ကားတစ်ခုသာမက ပါဝင်သရုပ်ဆောင်ထားတဲ့ အကယ်ဒမီ နေတိုးနဲ့ ခင်ဝင့်ဝါတို့ရဲ့ ချစ်စရာသရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေအကြား မဖြစ်မနေအလည်သွားနေကြတဲ့ တိမ်တိုက်တံတားတစ်ခုပါဘဲ

ဒီလိုတိမ်တိုက်တံတားတစ်စင်းပေါ်ကို အလည်အပတ်သွားခဲ့ကြတဲ့ အနုပညာရှင်တွေက လည်း ဒုနဲ့ဒေးပါဘဲ ။ အနုပညာရှင်တွေဆိုတာ ကလည်း တခါတလေမှာ ပရိသတ်တွေလိုဘဲ အပန်းဖြေဖို့မဖြစ်မနေလိုအပ်လှပါတယ်။ ဒီလိုတိမ်တိုက်တံတားပေါ်ကို တစ်စုတစ်စည်းထဲ အလည်သွားခဲ့ကြတဲ့လူတွေထဲမှ ရတနာမိုင် ၊ ကော်နီ ၊ ဆူဇီ ။ စည်သူမောင် ၊ ဂျူးဂျူးခင်ဦးနိုင် ။ ထက်အောင်ရှိုင်း ၊ ကိုပေါက်၊ ယုန်လေးစတဲ့ ရုပ်ရှင်ဂီတ နယ်ပယ်အစုံကလူတွေပါဝင်ဝင်ကြပါတယ်။ တိမ်တိုက်တံတားအထူးပွဲမှာတစ်စုတစ်စည်းထဲ ဆုံဆည်း ကြတဲ့ အနုပညာရှင်တွေရဲ့ အပျော်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်။

အနုပညာရှင်တွေကတော့ အနုပညာရှင်ဆိုတာကိုတောင်မေ့ထားပြီး ချစ်စရာ ကလေးငယ်တွေအလား ပျော်မြူးကြည်နူးနေကြတာ စိတ်ချမ်းသာစရာပါ ။ အားရပါးရ ရုပ်ရှင်မကြည့်ခင် အမိအရ ဓါတ်ဖမ်းနေကြတာ ကလည်း သူ့ထက်ငါအပြိုင်အဆိုင် မလျှော့သော ပဲကြွေးမှုများစွာနဲ့ ပါ ။ ဆယ်လီတွေ သွားကြည့်ခဲ့ကြတဲ့ တိမ်တိုက်တံတားရုပ်ရှင်ကားကြီးက ဇူလိုင်လ(၁၃) ရက်နေ့မှာမြန်မာတစ်နိုင်ငံလုံးကို ပြသတော့မယ်လို့သိရပါတယ်။ ပရိသတ်တွေထဲမှာ သူတို့တွေလို တိမ်တိုက်ပေါ်အလည်သွားချင်သူတွေရှိတယ်ဆိုရင်မှတ်ချက်မှာ ပြောပြပေးခဲ့ကြပါဦး ။

Source - May Thu / Aye Zaw Moe ( Sett Mu)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။