ဒီနေ့ဇူလိုင်လ(၁၁)ရက်နေ့ကတော့ အနုပညာလောက ကနေစောစီးစွာ လက်ပြနှုတ်ဆက်သွားခဲ့တဲ့ ကိုသားကြီးခေါ် မင်းသားချောဒွေးရဲ့ ဝမ်းနည်းကြေကွဲဖွယ် အထိမ်းမှတ်နေ့လေးတစ်နေ့ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၇ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့ ဒီနေ့လိုနေ့မျိုးလေးမှာ ပရိသတ်တွေအားလုံးနဲ့ ချစ်ရတဲ့ အနုပညာလောက ကြီးကို လက်ပြနှုတ် ဆက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ဒွေးကွယ်လွန်သွားခဲ့တာဟာ ဒီနေ့ဆိုရင် (၁၁)နှစ်ရှိခဲ့ပြီဖြစ်ပေမယ့် ပရိသတ်တွေအားလုံးရဲ့ရင်ထဲမှာတော့ မနေ့တနေ့ကအတိုင်း ဘယ်တော့မမေ့ပဲ ထင်ကျန်နေခဲ့တာပဲ ဖြစ်ပါတယ်။ 

 ဒွေးဆုံးပါးသွားခဲ့တာ (၁၁)နှစ်ရှိပြီဖြစ်ပြီး ဒီနှစ်လေးကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကွယ်လွန်တဲ့ရက် (၁၁)ရက်နေ့နဲ့ ကွယ်လွန်ခဲ့တဲ့နှစ်(၁၁)နှစ် ထပ်တူကျခဲ့တာပဲ ဖြစ်ပါတယ်။နှစ်စဉ်နှစ်တိုက်ဒီနေ့လိုနေ့ မျိုးလေးရောက်လာရင်ပရိသတ်တွေအားလုံးရော ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေအားလုံးပါ လွမ်းဆွေး တမ်းတသတိရစိတ်တွေနဲ့ တစ်ကြော့ပြန် ပြန်လည်ခံစားကြရမယ်ဆိုတာအသေအချာပါပဲနော်။ဒီနေ့ လိုနေ့လေးရောက်တိုင်းလည်း မိသားစုဝင်တွေရဲ့ ဒွေးအတွက်ရည်စူးလှူဒါန်းမှုကုသိုလ်လေးတွေဟာ လည်း ပရိသတ်တွေနှစ်တိုင်း သာဓုခေါ်ဆိုခဲ့ကြရတာပဲ ဖြစ်ပါတယ်။ 

ဒီနေ့မှာလည်း ဒွေးကွယ်လွန်ခြင်း (၁၁)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ကျန်ရစ်သူမိသားစုဝင်များနဲ့ အတူဒွေးနဲ့တစ်ချိန်က အနုပညာလောကအတူတူလျောက်လှမ်းခဲ့ကြတဲ့ အနုပညာရှင်ညီကိုမောင်နှမ များက လှူဒါန်းမှုကုသိုလ်တွေပြုပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ဒွေးရဲ့အချစ်ရဆုံးသော ဇနီးသည်လေးနဲ့အတူ ချစ်ရတဲ့တစ်ဦးတည်သောညီလေးဖြစ်တဲ့သားညီ၊ဝေဠုကျော်၊ဇွဲနိုင်ဝင်း၊မေက ဗျာ၊တို့အပြင် ချစ်ရတဲ့မိသားစုဝင်တွေက မှော်ဘီမြို့ သာသနာ့ဝန်ဆောင်ကျောင်းတိုက်မှာ သားကြီး ခေါ် ဒွေးအတွက် ရည်စူးလှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ဒွေးရဲ့နှစ်ပတ်လည်နေ့လေးမှာ ရည်စူးလှူ ဒါန်းခဲ့ကြတာတဲ့ မိသားစုဝင်တွေနဲ့ အနုပညာရှင်ညီကိုမောင်နှမတွေရဲ့ မွန်မြတ်တဲ့အလှူလေးကို လည်း ချစ်ပရိသတ်တွေက သာဓုခေါ်ဆိုလိုက်ကြပါအုန်းနော်။ 

သတင်းအရင်းအမြစ် - ဇွဲနိုင်ဝင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။