မင်းကွတ်သီးက အသုံးဝင်သလို မင်းကွတ်သီးရဲ့ အခွံကလည်း များစွာ အသုံးဝင်လှပါတယ်။ အများစုက မင်းကွတ်သီး အခွံကို ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။

ဝမ်းပျက် ဝမ်းလျှော ရောဂါအတွက် မင်းကွတ်သီး အခွံကို တစ်ည ရေစိမ်ပြီး ထို အရည်အား သောက်သုံးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။

မင်းကွတ်သီးအခွံကို ပါးပါးလှီးပြီး အခြောက်ခံကာ လက်ဖက်ခြောက်အဖြစ် အသုံးပြုရင်လည်း ဆီးရောဂါကို သက်သာပျောက်ကင်းစေပါတယ်။

ခန္ဓာကိုယ် အရေပြားပေါ်တွင် အနီ အစက်အပြောက်များ၊ အရေပြားရောဂါများအတွက်လည်း မင်းကွတ်သီးအခွံကို လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

မင်းကွတ်သီးရဲ့ အခွံကို ဘယ်လိုနေရာတွေမှာ အကျိုးရှိအောင် အသုံးချရမလဲ ဆိုတာ သိရှိပြီး မင်းကွတ်သီး စားဖြစ်တဲ့အခါ အခွံတွေကို လွှင့်ပစ်စရာ မလိုတော့ဘူးပေါ့။

မင်းကွတ်သီးအခွံကို နေ့လှန်း၍ သိမ်းထားပြီးနောက် ဝမ်းကိုက်ရောဂါအတွက် ဆေးအဖြစ် ပြုတ်သောက်နိုင်ပါတယ်။ ထိုကြောင့် မင်းကွတ်သီးအခွံကို နေလှန်း၍ သိမ်းဆည်းထားတတ်ကြသည်။

မီးယပ်သွေး လွန်ရောဂါ၊ မီးယပ်ဖြူဆင်းတဲ့ရောဂါများအတွက် မင်းကွတ်သီးခွံ ပြုတ်ရည်ကို လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် တစ်နေ့ လေးကြိမ် သောက်ပေးနိုင်ပါတယ်။

သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါများအတွက် မင်းကွတ်သီးခွံကို တမာ၊ မာလကာခေါက်၊ လေးညှင်းပွင့်တို့နဲ့ ရောစပ် ကျိုချက်ပြီး မကြာခဏ ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

အနာပေါက်ရောဂါများအနေနဲ့ မင်း ကွတ်သီးခွံ ပြုတ်ရည်ကို ဖန်ဆေးရည်အဖြစ် အသုံးပြုနိုင်ပါမယ်။

လိပ်ခေါင်းသမားတွေအနေနဲ့ မင်းကွတ်သီးခွံ ပြုတ်ရည်ကို ကျောက်ချဉ် အနည်းငယ်ထည့် ပြီး ဖန်ထိုင်ပေးခြင်းဖြစ်လည်း သက်သာစေပါတယ်။

ပွေး ၊ဝဲ၊ ဝက်ခြံ၊ နေလောင်ကွက်၊အင်ပျဉ် တွေအတွက်လည်း မင်းကွတ်သီးခွံကို သနပ်ခါးနဲ့ရောသွေးပြီး လိမ်းပေးခြင်ဖြင့် အသားအရေကို နူးညံ့စိုပြေစေမှာ ဖြစ်ပါတယ်။

မင်းကွတ်သီးခွံပြုတ်ရည်က

- ပင်ပန်းနွမ်းနယ်မှုကိုခုခံကာကွယ်ပေးခြင်း။

- အဖုအကျိတ်ကင်ဆာရောဂါတွေကိုလည်း ခုခံကာကွယ်နိုင်ပေးခြင်း။

- အိုမင်းရင့်ရော်မှုကို ကာကွယ်စေခြင်း။

- သွေးတိုးကိုလည်းကျစေခြင်း။

- ဓာတ်တိုးမှုကိုလည်းတိုက်ဖျက်ပေးခြင်း။

- သွေးတွင်းသကြားဓာတ်များကိုလည်းလျော့ကျစေခြင်း။

- အဝလွန်ခြင်းကိုကာကွယ်စေပြီး ကိုယ်အလေးချိန်ကိုကျစေခြင်း။

- သွေးလွှတ်ကြောအတွင်း ချိုး(ဂျိုး)မကပ်အောင်ကာကွယ်ပေးခြင်း။

- နှလုံးနှင့်ဆက်စပ်သည့်ရောဂါများမဖြစ်အောင်ကာကွယ်ပေးခြင်း။

- အရိုးအဆစ်ရောင်ရမ်းနာကျင်မှုပျောက် ကင်းစေခြင်း၊ အရိုးပွခြင်းမှ ကာကွယ်ပေးခြင်း၊

-သွားဖုံးနှင့်ခံတွင်းဆိုင်ရာရောဂါ များ ပျောက်ကင်းစေခြင်း။

စတာတွေကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။

မင်းကွတ်သီး အခွံကို ကျန်းမာရေးအတွက် ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ မင်းကွတ်သီးကို စားပြီး တဲ့အခါ မင်းကွတ်သီးခွံကို ရေစင်အောင်ဆေးပြီး နေပူမှာ ခြောက်သွေ့အောင် လှန်းပါ။ အခွံခြောက်သွေ့သွားပြီဆိုမှ သန့်စင် ခြောက်သွေ့သော ပလတ်စတစ်ဘူး (သို့မဟုတ်) ဖန်ဘူးမှာထည့် ပြီး အေး၍ ခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းထားသင့် ပါတယ်။ ဆေးဝါး အဖြစ် အသုံးပြုမယ့်မင်းကွတ်သီးခွံမှာ မှိုစွဲနေတာ၊ နံနေတာ၊ ပိုး ထိုးနေတာ၊ တစ်နှစ်ထက် ပိုကြာအောင် သိမ်းဆည်းမိတာ ဆိုရင်တော့ မင်းကွတ်သီးခွံကို ဆေး ဝါးအနေနဲ့မသုံးစွဲသင့်ဘူး ဆိုတာကို သတိပြုသင့်ပါတယ်။

Credit: benefit of mangosteen peel 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။