ပိုးကြာဖြူခင်ကတော့ MRTV-4 ရဲ့ဇာတ်လမ်းတွဲတွေကတစ်ဆင့် လူသိများအောင်မြင်လာခဲ့တဲ့သူလေး ဖြစ်ပါတယ်။ Model တစ်ယောက်အဖြစ် Missလောကကိုစတင်ဝင်ရောက်ခဲ့ပြီး ရှိုးပွဲတွေမှာစတင် လျှောက်လှမ်းပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သရုပ်ဆောင်မင်းသမီးအဖြစ် အနုပညာလုပ်ငန်းတွေကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ သူမက ပိတုန်းရောင်နက်မှောင်နေတဲ့ ဆံပင်ရှည်ရှည်လေးနဲ့ မြန်မာဆန်တည်ငြိမ်တဲ့အလှပိုင်ရှင်လေးလည်း ဖြစ်ပါတယ်။

သူမအနေနဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရာမှ ဇာတ်ရုပ်ပီပြင်တာကြောင့် အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။ " ဝင်္ကပါစံအိမ်" ဇာတ်လမ်းတွဲမှာလည်း ရှေးခေတ်မြန်မာအမျိုးသမီးလေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မဟာဆန်တဲ့သူမရဲ့အလှကြောင့် ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိခဲ့ပါတယ်။ "ဥယျာဉ်မှူးဖြစ်ဖူးချင်သည်"ဇာတ်လမ်းတွဲမှာလည်း ဆရာမလေးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

လတ်တလောအနေနဲ့လည်း သူမက "မိုးကောင်းကင်အိမ်မက်" ဇာတ်လမ်းတွဲမှာလည်း ဆိုင်းမိုင်နာမည်နဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးကို မင်းသားအဖြစ် စည်သူဝင်း၊ ကျော်ထက်ဇော်တို့နဲ့အတူ သရုပ်ဆောင်ထားပြီး ပရိသတ်တွေကို မကြာခင်မှာချပြတော့မယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ အခုလည်း ဆံပင်ရှည်လေးနဲ့လှတဲ့သူမရဲ့ ပုံလေးတွေကို "ဆံပင်ရှည်လေးတွေချစ်မှဘဝထဲဝင်ခဲ့ပါ"ဆိုပြီး တင်ထားတာတွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယဉ်ယဉ်လေးနဲ့လှတဲ့ ပိုးကြာဖြူခင်ရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source: Poe Kyar Phyu Khin; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။