မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဖြစ်ပွားမှုတွေထဲက အဖွဲ့ကြီးတစ်ဖွဲ့အဖြစ်နာမည်ကြီးတည်ရှိနေတဲ့ (KNU) ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ကို အားလုံးသိမယ်ထင်ပါတယ်။ လက်ရှိ ၂၁ ရာစု ပင်လုံအစည်းအဝေးအတွက် ကြိုးစားမှုတွေပြုလုပ်နေပြီး ပြည်တွင်း လက်နက်ကိုင်တပ်ဖွဲများစွာနှင့် တိုင်ပင်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။  

ဒီကနေ့ ဗိုလ်ချုပ်မင်းအောင်လှိုင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team – PPST) မှ အဖွဲ့ဝင်များနှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ တွေ့ဆုံမှုတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို မြန်မာ့တပ်မတော်မှာ ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့်အတူ တပ်မတော်အရာရှိများစွာက တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့တာတွေ့ရပါတယ်။ ပြည်သူများစွာတောင်းဆိုနေတဲ့ ငြိမ်းချမ်းရေးအတွက် အဓိကအထောက်အပံ့ဖြစ်လာမယ့်အဆိုပါ အစည်းအဝေးပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Senior General Min Aung Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။