ဟော်လီဝုဒ် စတား ရုပ်ရှင်မင်းသား တစ်ဦးဖြစ်တဲ့ The Rock ဟာ အက်ရှင်သာ မက ဟာသနဲ့ အဆိုပိုင်းတွေထိ ပါရမီရှိပြီး နပန်းသမား အသက်မွေး ဝမ်းကြောင်းကနေ စတင်လို့ 2002ခုနှစ်မှာ မင်းသားတစ်ဦး အနေနဲ့ စတင်လာခဲ့ပါတယ်။ သူ ပထမဆုံးရိုက်ကူးခဲ့တဲ့ဇာတ်ကားကတော့  " The Scorpion King " ဇာတ်ကားဖြစ်ပြီး ပွဲဦးထွက် ဒီဇာတ်လမ်းနဲ့တင် ဝက်ဝက်ကွဲ ပွဲဦးထွက်အောင်မြင်ခဲ့ပါတယ်။

နာမည်ရင်း မှာ Dwayne Douglas Johnson ဖြစ်ပြီး The Rock လို့ အများက သိကြသလို Dwayne Johnson လို့လည်း အသိများပါတယ်။ဟောလီဝုဒ်ရဲ့ အက်ရှင်ဇာတ်လမ်းလောကမှာ သူမပါရင် မပြီးသလို တကယ့်ကြမ်းပေ့ အက်ရှင်လ် ဇာတ်လမ်းတေါတိုင်းကို ဟာကွက်မရှိအောင် သူ့ရဲ့ အတိုက်အခိုက်ပညာ၊ ကိုယ်ခန္ဓာအချိုးအစား တို့ က လုံး၀ ပြည်စုံတဲ့ အက်၇ှင်မင်းသား ဇာတ်ရုပ်မျိုးတွေမှာ နေရာရလာခဲ့တာ ဖြစ်ပါတယ်။1972 ခုနှစ်, May 2 နေ့ အမေရိကန်ပြည်ထောင်စု California ပြည်နယ် Hayward မှာ မွေးဖွားခဲ့ပြီး ခုဆိုရင်တော့ အသက် (၄၆)နှစ် ရှိပြီ ဖြစ်ပါတယ်။

Dwayne Johnsonဟာ သူ့တသက်တာလုံးမှာ ရုပ်ရှင် စုစုပေါင်း (၄၇) ကား ရိုက်ကူးခဲ့ပြီး လက်ရှိမှာတော့ကမ္ဘာရုပ်ရှင် ဈေးကွက်ရဲ့ အနုပညာကြေး အများဆုံး ဟောလိဝုဒ် စတားတစ်ဦး လည်းဖြစ်ပါတယ်။ The Rock ရဲ့ ဇနီး သည်ကတော့ 2007 ခုနှစ်မှာ တွေ့ဆုံခဲ့တဲ့ အဆိုတော် Lauren Hashian ဖြစ်ပြီး လက်ရှိမှာတော့ Tiana Gia Johnson နဲ့ Jasmine Johnson ဆိုတဲ့ သမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

ဒီတပတ်ရဲ့ GQ Magazine မှာ ဝတ်စားဆင်ယင်မှု အမိုက်ဆုံး အမျိုးသား (၁၀)ဦး ထဲမှာ နံပါတ်(၄) နေရာမှာ ဖော်ပြခြင်း ခံရတဲ့ The Rock ကတော့ ပေကျင်း မှာ 'Skyscraper' premiere ပွဲကို တက်ရောက်ရင်း ဝတ်ဆင်ခဲ့တဲ့ အမိုက်စား Suit နဲ့ဖက်ရှင်လ်ကြောင့် တကယ်ကို ယောကျ်းဆန်ပြီး ကြည့်ကောင်းနေခဲ့ပါတယ်။ အပြာရောင် Brioni shirt ကို အထဲက ဝတ်ဆင်ပြီး အပေါ်က StrongSuit နဲ့ Ilaria Urbinati suit ကို ထပ်ကာ Christian Louboutin တံဆိပ် ဖိနပ် နဲ့ IWC နာရီကို ဝတ်ဆင်ခဲ့ပါတယ်။ GQ Magazine ရဲ ဖော်ပြချက်များအရဝတ်စားဆင်ယင်မှု အမိုက်ဆုံး အမျိုးသား (၁၀)ဦး ထဲမှာ နံပါတ်(၁) နေရာ က ရပ်တည်နေတဲ့သူကတော့ Pharrell Williams ဆိုတဲ့ ရက်ပါ အဆိုတော် ဖြစ်ပါတယ်။

source:www.gq.com ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။