သိပ်ချစ်ရတဲ့ဇနီးဖြစ်သူကို ဆုံးရှုံးသွားပြီးမှ နောင်တတွေနဲ့ခြေငြိမ်သွားတဲ့ မင်းသားကြီးဘရက်ပစ်ကို မီဒီယာတွေကနေ တစ်ယောက်တည်းအထီးကျန်စွာနေနေတာကို ရိုက်ကူးမိခဲ့ကြပါတယ်။ Santa Monica မှာ Brad Pitt တစ်ယောက်တည်းအပြင်ထွက်နေတာကို ဓာတ်ပုံရိုက်ကူးမိခဲ့တာပာ။အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ မင်းသားဟာ အမဲရောင်အပေါ်အောက်နဲ့ ဖုန်းပြောနေတာပါ။

Angelina Jolie နဲ့ ကွဲခဲ့ပြီးနောက်ပိုင်း အခုတော့သူဟာ အရင်ကထပ်များစွာပြန်လည်တည်ငြိမ်နေပြီဖြစ်ပါ တယ်။“အကောင်းမြင်တဲ့ပုံရိပ်တွေတွေ့ရသလို သူ့အနေနဲ့ကလေးတွေနဲ့ အရင်ကထပ်အချိန်တွေ ပိုကုန်ဆုံးနိုင်တော့မှာပါ” ဟုသတင်းတစ်ရပ်က People magazine ကို ပြောပါတယ်။ “Brad ဟာ ကလေးတွေအတွက် Angie နဲ့ ပူးပေါင်းပြီး လုပ်ကိုင်လိုပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် သူရဲ့ရည်ရွယ်ချက်က ကလေးတွေနဲ့အတူရှိချင်တာပါ” ဟု အတွင်းလူတစ်ဦးဆိုပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။