သင်နဲ့သင့်ချစ်သူတို့ဟာ တစ်နေရာစီဝေးကွာနေတာပဲဖြစ်ဖြစ်၊ အင်တာနက်ပေါ်က ချစ်သူပဲဖြစ်ဖြစ်၊ တကယ်ချစ်နေမိပြီဆို နှစ်ဦးဆက်ဆံရေးဒီ့ထက်ပိုခိုင်မာအောင် ဘယ်လိုတည်ဆောက်ကြမလဲ။

၁။ သင့်ရဲ့ဆက်သွယ်ရေးနည်းလမ်းကို အဖြေရှာပါ။

သာမန်ဆက်ဆံရေးမှာတောင် နေ့တိုင်းစကားပြောဆိုခြင်းက တစ်ခါတစ်လေအဆင်မပြေဖြစ်နိုင်တာကြောင့် ခုလို LDRS အခြေအနေမှာ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးသည် အချင်းချင်းကို စိတ်မလုံမလဲဖြစ်စေနိုင်ပါတယ်။ တစ်ခုသတိပြုရမှာက တစ်ယောက်နဲ့တစ်ယောက်မတူပါဘူ။ တစ်ချို့လူတွေက သူတို့အလုပ်မှာရှိနေတဲ့အချိန်စာပို့ရတာ မနှစ်သက်ကြသလို၊ တစ်ချို့ကျတော့လည်း တစ်နေ့တည်းမှာတင် ခဏခဏစကားပြောချင်နေကြတယ်။ ဒါပေမယ့် သင်အနေနဲ့ကတော့ သင့်ချစ်သူဟာဘယ်လိုဆက်ဆံရေးမျိုးကို ကြိုက်တဲ့သူဆိုတာ သိပြီး၊ ရိပ်မိပြီးဖြစ်တာကြောင့် သင့်အနေနဲ့ အနေဝေးနေတဲ့ချစ်သူဟာ ဘယ်လိုဆက်သွယ်ရေးအခြေအနေကို လိုလားတဲ့သူဆိုတာကို အခြေခံပြီး သူနဲ့ဆက်သွယ်ပါ။

၂။ သင်ဘာလိုအပ်လဲဆိုတာကို ပြောဆိုပါ။

ဆက်သွယ်တဲ့နေရာမှာ သင့်အနေနဲ့ကိုယ့်ချစ်သူဆီက အလိုအပ်ဆုံးကဘာဆိုတာကို သင်ကိုယ်တိုင်သိနေဖို့လိုပါတယ်။ အဲ့ဒါကိုလည်း ချစ်သူကို ပြောပြဖို့ဝန်မလေးဖို့လိုပါတယ်။ လေ့လာချက်တွေအရတော့ တစ်ယောက်ရဲ့လိုအင်ကို တစ်ယောက်သိပြီး တစ်ယောက်နဲ့တစ်ယောက်ဖြည့်ဆည်းပေးနိုင်တဲ့အတွဲများသည် ပိုကြာရှည်ခိုင်မြဲမှုရှိတယ်လို့ဆိုပါတယ်။

၃။ ယုံကြည်မှုကိုတည်ဆောက်ပါ။

သင့်ချစ်သူရဲ့လက်တွေ့ဘဝနေထိုင်ရေးမှာ ကိုယ်တိုင်မပါဝင်နိုင်တဲ့အခါ အရေးကြီးဆုံးအချက်က ယုံကြည်မှုကိုတည်ဆောက်တာဖြစ်ပါတယ်။ သင့်အနေနဲ့ အရင်တုန်းက လှည့်ဖျားခြင်းခံခဲ့ရဖူးတယ်၊ သစ္စာဖောက်ခံဖူးတယ်ဆိုရင် ခုသင့်ချစ်သူနဲ့ဘယ်လိုယုံကြည်မှုတည်ဆောက်မလဲဆိုတာကို ညှိနှိုင်းတိုင်ပင်ပါ။ နောက်တစ်ခုက သင်ဟာ ကိုယ့်ချစ်သူအပေါ်မှာ အလွန်အမင်းထိန်းချုပ်တဲ့ဆက်ဆံရေးမျိုးမဟုတ်ဖို့လိုပါတယ်။ အချိန်လွန်ပြီးမှ နှစ်ဦးသားကြားထဲမှာ ရုပ်ဆိုးမသွားအောင်၊ ပြင်မရ၊ ညှိမရတာတွေမဖြစ်ရလေအောင် အစောပိုင်းကာလမှာကတည်းက သင့်လိုအပ်ချက်တွေကို သင့်ချစ်သူနဲ့ပြောဆိုထားတာပိုကောင်းပါတယ်။ နှစ်ဦးသား သဘောတူညီချက်တွေ ပြုလုပ်ကာ တစ်ယောက်နဲ့တစ်ယောက် နှစ်လိုဖွယ် ယုံကြည်မှုကိုတည်ဆောက်ပါ။

၄။ ရန်ဖြစ်တာတွေကို ထိထိရောက်ရောက်ကိုင်တွယ်ပါ။

စကားများပြီးအိပ်ယာဝင်လိုက်ရတာက ဒီအတိုင်းတောင် မကောင်းတဲ့ခံစားချက်ကို ဖြစ်စေတာမို့ ခုလိုအနေဝေးတဲ့ချစ်သူတွေအချင်းချင်းမှာတောင် ဒီလိုကိစ္စရပ်မျိုးက ပိုမကောင်းတဲ့ခံစားချက်ကို ဖြစ်စေပါလိမ့်မယ်။ ရန်ဖြစ်တဲ့အကြောင်းအရင်းကို ဖြစ်နေဆဲကာလမှာ ပြေလည်အောင်ဖြေရှင်းလ်ိုက်တာက သူတို့ကို စိတ်ထဲမှာထားပြီး အုတ်မြစ်တစ်ခုအဖြစ်ပျိုးထောင်သွားမယ့် အခြေအနေကို တားဆီးရာရောက်ပါတယ်။ နောက်တစ်ခုရန်ဖြစ်တဲ့အခါမှာ မက်ဆေ့နဲ့စကားပြောဆိုတာက မလိုလားအပ်တဲ့အထင်လွဲမှုတွေ၊ နားလည်မှုလွဲတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်သင့်တို့နှစ်ယောက်ရဲ့ ပြဿနာကို ဗီဒီယိုနဲ့စကားပြောတာဖြစ်ဖြစ်၊ ဖုန်းဆက်ပြောတာဖြစ်ဖြစ်လုပ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

၅။ အမြဲသစ်လွင်နေပါစေ။

သင်တို့နှစ်ယောက်ချစ်သူဖြစ်ကာစအချိန်တုန်းက အပြန်အလှန်ကလူကျီစယ်ခဲ့တဲ့ခံစားချက်လေးကို ပြန်အသက်သွင်းပါ။ သူဟာ သင့်အတွက်ဘယ်လောက်အဓိပ္ပါယ်ရှိတဲ့လူလည်းဆိုတာကို ပြောပြပေးပါ။ ဒီလိုခံစားချက်ကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ သင်ဖော်ပြနိုင်ပါတယ်။ သင်တို့နှစ်ယောက်ကြားထဲက အမှတ်တရလေးတွေ၊ သင့်ချစ်သူနှစ်သက်တဲ့ အပြုအမူ ဒါမှမဟုတ် ကိုယ်ဂရုစိုက်တာကို ဖော်ပြပေးနိုင်တဲ့အပြုအမူများက သင်တို့နှစ်ယောက်ကြားက ချစ်ခြင်းတွေကို အမြဲနွေးထွေးစေပါလိမ့်မယ်။ နှစ်ယောက်သားတွေ့တဲ့အခါကျရင် သင်အရင်တုန်းကလုပ်ပြလေ့မရှိတဲ့အရာတွေကို လုပ်ပြပြီးသူ့ကို အံ့အားသင့်စေလိုက်ပါ။

၆။ အထီးကျန်တဲ့အခါ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို နိုင်နင်းအောင် ခန့်ခွဲပါ။

အထီးကျန်ခြင်းနဲ့ ကွာဝေးခြင်းဆိုတဲ့ခံစားချက်တွေနဲ့ ရင်ဆိုင်ရခြင်းသည် သင့်ချစ်သူနဲ့အတူမရှိရခြင်းရဲ့ အခက်ခဲဆုံးသောအပိုင်းထဲမှ တစ်ခုအပါအဝင်ဖြစ်ပါလိမ့်မယ်။ ဒါတွေကို ခန့်ခွဲနိုင်ဖို့က သင်အထီးကျန်တဲ့အခါ အလိုအလျောက်ဝင်လာတဲ့ အဲ့ဒီခံစားချက်တွေကို အခြားအရာများအပေါ်အာရုံလွှဲလိုက်ပါ။ သင့်ကိုယ်သင်အကောင်းဘက်ကတွေးမြင်ပြီး ကိုယ်နှစ်သက်တဲ့အလုပ်တွေထဲမှာ စိတ်နှစ်လိုက်ပါ။ ယောဂလေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တာဖြစ်ဖြစ် တစ်ခုခုကိုအာရုံလွှဲလုပ်ဆောင်လိုက်ဖို့ အကြံပေးချင်ပါတယ်။

၇။ အချစ်တွေကို ရှင်သန်ပါစေ။

နှစ်ဦးသားကွာဝေးနေတဲ့အခါမှာ သင်တို့နှစ်ယောက်ကို ပိုနီးကပ်စေမယ့်အချက် သင်သူ့ကို ဘယ်လောက်ဂရုစိုက်သလဲဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။ သူ့ကိုဘယ်လောက်ချစ်တယ်ဆိုတဲ့အကြေင်းနဲ့ ဘာကြောင့်သူ့ကိုသင်ရွေးချယ်ခဲ့လဲဆိုတဲ့အကြောင်းကို သူသိအောင်ပြောပြပါ။ တစ်ယောက်ရဲ့အောင်မြင်မှုအတွက် အချင်းချင်းထောက်ပံ့ပေးပါ။ နောက်ထပ်နည်းလမ်းတစ်ခုက သင်တို့နှစ်ဦးကြားမှာရှိတဲ့ လိင်ပိုင်းဆိုင်ရာဆက်သွယ်ရေးကို အထူးအလေးထားဖို့ဖြစ်ပါတယ်။ Skပစန sနထ ခ့အေ တာပဲဖြစ်ဖြစ်၊ ဖုန်းကနေချစ်တီးနှောတာပဲဖြစ်ဖြစ်၊ ချစ်စကားစာတွေပို့တာဖြစ်ဖြစ် - အဓိကဦးတည်ချက်က တစ်ခြားတစ်ယောက်နဲ့ဖောက်ပြန်တာကို ကာကွယ်ဖို့အတွက်ပဲမလား။ သင်တို့နှစ်ယောက်အပြင်မှာတွေ့ဆုံခွင့်ရတဲ့အခါမှာ ပိုပွင့်လင်းတဲ့ဆက်ဆံရေးမျိုးတည်ဆောက်ပါ။ ဒီလိုအခိုက်အတန့်လေးတွေဟာ အင်မတန်ရှားပါးတဲ့အတွက် ဒီလိုနှစ်ဦးသားတွေ့ဆုံခွင့်ရတဲ့ အခိုက်အတန့်လေးများကို တန်ဖိုးရှိရှိဖြတ်သန်းပါ။

၈။ ကိုယ့်ဘဝကိုတည်ဆောက်ပါ။

ကိုယ့်ချစ်သူအပေါ်မှာ အရမ်းမှီခိုခြင်းသည် မည်သည့်ဆက်ဆံရေးမျိုးမှာမဆို အခြေအနေမဟန်တဲ့အနေအထားတစ်ခုကိုဖြစ်စေပါတယ်။ သူ့ကိုချစ်ပေမယ့်၊ သူ့ကိုအားကိုးပေမယ့် သင့်ဘဝကိုသင်တည်ဆောက်ဖို့လိုပါတယ်။ သင့်ရဲ့လိုအပ်ချက်အားလုံးကို သူ့ကိုဖြည့်ဆည်းဖို့ ဖိအားမပေးပါနဲ့။ အပျော်ရွှင်ဆုံးစုံတွဲများသည် ချစ်သူအပြင် ကိုယ့်ရဲ့ဝါသနာ၊ သူငယ်ချင်းမိတ်ဆွေများကိုပါ မျှမျှတတထိန်းထားနိုင်တဲ့သူများဖြစ်ပါတယ်။ သင့်အနေနဲ့ချစ်သူနဲ့ဝေးကွာနေတဲ့အနေအထားမျိုးမှာရှိနေတဲ့အခိုက်မှာ ဒါတွေကပိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာသင်နဲ့လက်ရှိအတူမရှိသလို သူသာလျှင်တစ်ဘဝမဖြစ်နိုင်လို့ပါ။

၉။ မျှော်လင့်ချက်များကို စီမံပါ။

ခုလိုအနေဝေးတဲ့ချစ်ခြင်းမျိုးမှာ ဖြေရှင်းရခက်တဲ့ အဓိကကျတဲ့အခက်အခဲများထဲမှ တစ်ခုကတော့ အခြေအနေတွေဘယ်လိုဖြစ်လာမလဲဆိုတဲ့မျှော်လင့်ချက်များနဲ့ အပြင်မှာဖြစ်နေတဲ့အချိန်ဇယားများနဲ့ ဆက်သွယ်ရေးပြဿနာများပဲဖြစ်ပါတယ်။ နောက်တစ်ခေါက်ထပ်ပြောပြချင်တာက ကျွန်မတို့အားလုံးက ကွဲပြားခြားနားကြပါတယ်။ သင်တို့နှစ်ဦးအပြင်မှာ မတွေ့နိုင်၊ မထိတွေ့နိုင်ရင်တောင်မှာ သင်တို့နှစ်ဦးလိုအပ်တာတွေကို အတူတူတိုင်ပင်ဆွေးနွှေးနိုင်ဖို့က သိပ်အရေးကြီးပါတယ်။ ဒါမှလည်း သင်တို့နှစ်ဦးရဲ့အချိန်တွေကို အတူတူ အကောင်းဆုံး ကုန်ဆုံးနိုင်မှာဖြစ်ပါတယ်။

၁၀။တွေ့ဆုံမယ့်အကြောင်းကို အစီအစဉ်ဆွဲပါ။

သင်တို့နှစ်ဦးကြားမှာရှိတဲ့ မိုင်တွေ၊ ပင်လယ်တွေက အကွားအဝေးမရှိတဲ့ချစ်သူများထက်စာရင် ပြင်းပြတဲ့ဆန္ဒတွေ၊ လိုအင်တွေကို အတန်ယိမ်းယိုင်မှုရှိစေပါလိမ့်မယ်။ သူ့ဆီကိုလာလည်မယ့်အကြောင်း ဒါမှမဟုတ် သူပြန်လာလည်ဖို့စီစဉ်ထားတဲ့အကြောင်းကို ပြောဆိုဆွေးနွှေးခြင်းကလည်း သင့်တို့နှစ်ဦးအတွက် ထင်သာမြင်သာတဲ့ ဦးတည်ချက်တစ်ခုကိုရှိစေပြီး မျှော်လင့်ချက်တစ်ခုကို အရင်းတည်ကာ သင်တို့နှစ်ဦးစကားပြောဆိုတဲ့အခါ ပိုအဓိပ္ပါယ်ပြည့်ဝစေပါတယ်။ နှစ်ဦးသားဖြစ်ချင်တဲ့အနာဂတ်အကြောင်းအရာတစ်ခုအပေါ်မှာ အတူတူလက်တွဲပြောဆိုအစီအစဉ်ဆွဲခြင်းဖြင့် နှစ်ဦးသားအတူတူလက်တွဲလုပ်ဆောင်စေပြီး ဒီလိုကနေသင်တို့နှစ်ယောက်ဟာ အနာဂတ်မှာ အတူတူစုံစည်းနိုင်ပါလိမ့်မယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။