မိန်းမကိုယ် သန့်စင်စေဖို့အတွက် အချို့က အိမ်တွင်းကုထုံးအဖြစ် ရှာလကာရှည်နဲ့ ရေကို ရောစပ်ပြီး သုံးကြပါတယ်။ အချို့ကတော့ ပိုးသန့်ဆေးရည်ကို အသုံးပြုကြပါတယ်။ အချို့ကတော့ မိန်းမကိုယ် သန့်စင်ဆေးရည်ကို အသုံးပြုကြပါတယ်။ မိန်းမကိုယ် သန့်စင်ဆေးရည်ကို မိန်းမကိုယ် သန့်ရှင်းစေဖို့၊ မိန်းမကိုယ်အနီး ပိုးမွှားကင်းစင်စေဖို့ ရည်ရွယ်ပြီး အသုံးပြု ကြပါတယ်။ မိန်းမကိုယ် သန့်စင်ဆေးရည်ကို စွဲသုံးဖြစ်တဲ့အခါ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများကိုပါ တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။

သဘာဝအတိုင်း မိန်းမကိုယ်ထဲမှာ အက်ဆစ်ဓာတ်က ၄.၅ ကနေ ၅ လောက်ဝန်းကျင် ရှိပါတယ်။ ဒါ့အပြင် မိန်းမကိုယ်ထဲမှာ vaginal flora ဆိုတဲ့ ပိုးကောင်လေးတွေလည်း ရှိနေပြီး အနံ့အသက်လည်း ရှိနိုင်ပါတယ်။ ဒါကို သန့်စင်စေလွန်း၊ ပိုးသတ်ချင်လွန်းတဲ့ စိတ်နဲ့ နေ့စဉ် ရေအိမ်အသုံးပြုပြီးတိုင်း မိန်းမကိုယ်သန့်ဆေးရည်ကို အသုံးပြုဖြစ်တဲ့အခါ သဘာဝအတိုင်း ရှိနေတဲ့ အက်ဆစ်မျှခြေ ပျက်သွားပြီး ပိုးကောင်လေးတွေ ပိုမို ပေါက်ဖွားနိုင်ပါတယ်။ မိန်းမကိုယ်သန့်စင်ဆေးကို လိုတာထက် ပိုသုံးမိရင် မိန်းမကိုယ်ထဲပိုးဝင်ပြီး အဖြူဆင်းမယ်။ ကိုယ်ဝန်ဆောင်နေစဉ် အဖြူဆင်းရင် ပိုးဝင်ရင် လမစေ့ဘဲ ကလေးတွေ မွေးနိုင်တယ်။ နောက်ပြီးအမျိုးသမီး မျိုးပွားအင်္ဂါတွေဖြစ်တဲ့သားအိမ်၊သားဥပြွန် ၊သားဥ စတာတွေ ရောင်တဲ့ ရောဂါဖြစ်မယ်။ တစ်ပတ်တစ်ကြိမ်မက သုံးမိတာကြာတဲ့သူတွေမှာ သားအိမ်ခေါင်းကင်ဆာထိ ဖြစ်နိုင်တယ်။

မိန်းမကိုယ် သန့်စင်ဆေးရည်ကို မိန်းမကိုယ် အက်ဆစ်ဓာတ်နည်းသူတွေသာ အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် မိန်းမကိုယ်သန့်ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းသာ အသုံးပြုသင့်ပါတယ်။ ရေအိမ်အသုံးပြုတိုင်း သုံးစရာ မလိုသလို နေ့စဉ်ဆက်တိုက်လည်း အသုံးပြုနေဖို့ မလိုပါဘူး။ အချိန်ကြာမြင့်စွာ ရေရှည် စွဲသုံးနေဖို့လည်း မလိုပါဘူး။ ပုံမှန်အားဖြင့် တစ်ပတ်မှာ တစ်ကြိမ် နှစ်ကြိမ်ခန့်သာ အသုံးပြုသင့်ပါတယ်။ မိန်းမကိုယ်ကို ဆပ်ပြာတောင် အသုံးပြုစရာ မလိုဘဲ ရေများများ နှင့်သာ သန့်စင်ဆေးကြောခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - ခေတ်သစ် ဇီဝက 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။