ဟိုးအရင် ခေတ်တုန်းက မြန်မာလူမျိုးတွေက သွားတိုက်ဆေးအဖြစ် တမာတို့ ၊မီးသွေးခဲတို့ကို အားကိုးပြီး အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ သွားတိုက်ဆေးကို ထုတ်လုပ် အသုံးပြုလာကြပြီး ခပ်ပျစ်ပျစ် အနှစ် (paste) ပုံစံ နဲ့ အသုံးပြုကြပါတယ်။ အရင်တုန်းကတော့ သွားတိုက်ဆေးထဲမှာပါတဲ့ ချွတ်ဆေးအဖြစ် ဆိုဒီယမ်၊ လောရယ်၊ ဆာလ်ဖိတ် Sodium Lauryl Sulphate ကို အစားထိုး သုံးစွဲခဲ့ကြပြီး ဖလိုရိုက် ဓာတ်ကိုတော့ နောက်ပိုင်းမှာ အသုံးပြုလာကြပါတယ်။

သွားတိုက် သန့်စင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သွားပေါ်က အညစ်အကြေးတွေ၊ အစာဟောင်းတွေနဲ့ ပိုးမွှားတွေကို ဖယ်ရှားချင်လို့ပဲ ဖြစ်ပါတယ်။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးတွေက ကယ်လ်စီယမ် နဲ့ ပေါင်းစပ်ပြီးနောက် သွားတွေကို ပိုမို မာကြောစေပြီး သွားကြွေလွှာတွေကိုလည်း ကောင်းမွန်စေပါတယ်။ အစာခြေတဲ့ အက်ဆစ်ဓာတ်တွေကြောင့် ပျော့သွားတဲ့ သွားကြွေလွှာကို ပြန်ပြီးမာလာစေတယ် ။ ထို့အပြင် ဘတ်တီးရီးယားပိုးတွေရဲ့ အစာချက်လုပ်မှုကိုလည်း ဟန့်တားပေးတော့ ဘတ်တီးရီးယားပိုးတွေကိုလည်း တားမြစ်ရာ ရောက်ပါတယ်။ သွားပိုးစားခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို ရွေးချယ် ဝယ်ယူသင့်တာပါ ။

သို့သော် ကျောက်မှုန့်တွေ အများကြီးထည့်ထားတဲ့ အရမ်းကြမ်းလွန်းတဲ့ သွားတိုက်ဆေးမျိုးကို မသုံးသင့်ပါ။ အချိန်တိုကာလ အတွင်း သွားများနှင့် ကြွေလွှာများ ပြောင်စင်သွားနိုင်သော်လည်း အချိန်အနည်းငယ် ကြာလာတဲ့အခါ အပေါ်ယံ ကြွေသွားအလွှာ ပျက်စီးသွားနိုင်ပါတယ်။ ခံတွင်းရနံ့သင်းအောင်ဆိုပြီး မန်သော Menthol ပူရှိန်းဓာတ် များများပါတဲ့ သွားတိုက်ဆေးတွေကလည်း အချိန်ကြာလာတဲ့အခါ ခံတွင်းသားတွေကို လောင်စေနိုင်ပါတယ်။ ဒ့ါကြောင့် သွားတိုက်ဆေးကို ရွေးချယ်ဝယ်ယူတဲ့အခါ ပုံမှန် ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကိုသာ ရွေးချယ် သင့်ပါတယ်။

သွားတိုက်ဆေးနဲ့ ပတ်သက်တဲ့ ဗဟုသုတများ သိရှိပြီး အားလုံးရဲ့ သွားလေးတွေ ဒီ့ထက်မက လှသထက် လှနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။