အသက် ၁၉ နှစ်အရွယ် ကထရီးနား လို့အမည်ရတဲ့ မော်ဒယ်တစ်ဦးဟာ ဘဟားမားကျွန်းစုထဲက အဇူမာ ကျွန်း လို့အမည်ရတဲ့ ကျွန်းလေးတစ်ခုကို မိသားစုနဲ့အတူ လာရောက်လည်ပတ်ခဲ့တယ်လို့သိရပါတယ်။

သူမဟာ ငယ်ငယ်လေးထဲက ကယ်လီဖိုးနီးယား မှာ ရေကစားလာခဲ့သူတစ်ယောက်ဖြစ်တာကြောင့် သမုဒ္ဒရာ နဲ့မစိမ်းသူတစ်ဥိးပဲဖြစ်ပါတယ်။

သူမသွားရောက်လည်ပတ်ခဲ့တဲ့ အဇူမာကျွန်းကတော့ ငမန်းတွေပေါတဲ့ ကျွန်းတစ်ကျွန်းလည်းဖြစ်ပြီး ကထရီးနားဟာ တချို့လူတွေရဲ့ ထိုငါးမန်းနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ပုံတွေကို အားကျနှစ်သက်သူနှစ်ဦးပဲဖြစ်ပါတယ်။  

ဆိပ်ကမ်းနားမှာ တဝဲလည်လည် နေတတ်တဲ့ထိုငါးတွေနဲ့ လူတွေဟာ ဓာတ်ပုံတွဲရိုက်ပြီး အင်တာနက်မှာတင်ကြတာကြောင့် ၎င်းအဇူမာကျွန်းဟာ လူစိတ်ဝင်စားမှုများစွာကို ခံနေရတဲကျွန်းတစ်ကျွန်းပဲဖြစ်ပါတယ်။

ထို့အတူပဲ ကထရိးနားဟာ ထိုငါးမန်းတွေနဲ့ ဓာတ်ပုံရိုက်ချင်တယ်ဆိုပြီး ရေထဲဆင်းချိန်မှာ သူမရဲ့ချစ်သူရဲ့ မိဘတွေက တားသော်ညားလည်း သူမက ထိုငါးမန်းတွေနဲ့ ဓာတ်ပုံဆင်းရိုက်ချိန်မှာ ငါးမန်းတစ်ကောင်က သူမရဲ့လက်ကို ကိုက်ကာ ရေအောက်ကိုဆွဲချမှုကိုခံခဲ့ရတာပဲဖြစ်ပါတယ်။

သူမအနေနဲ့ ငါးမန်းက သူ့ကို ရေအောက်မှာ အမိအရကိုက်ထားတဲ့အချိန်မှာ အနာခံကာ ရအောင်ရုန်းထွက်ခဲ့ရသလို လက်ကိုမြှောက်ထားကာ ဒဏ်ရာကို ကျန်လက်တစ်ဖက်နဲ့ဖိကာ သွေးထွက်တာရပ်အောင် ပြုလုပ်ခဲ့ရပါတယ်။

ဒါ့အပြင်သူမကတော့ အခုလိုကျမလုပ်မှ သွေးတွေရေထဲမရောက်မှာပါ ၊ ဒီလိုအချိန်မျိုးမှာ လူ့ခန္ဓာကိုယ်မှာရှိတဲ့ အဒရီနယ်လင်း ဟော်မုန်းတွေကြောင့် စိတ်ပူပန်လာလိမ့်မယ့် ၊ ကျွန်မကတော့ တည်တည်ငြိမ်ငြိမ်ပဲနေခဲ့ပါတယ်။ လန့်ပြီးအော်နေမယ်ဆိုရင် အခြေအနေပြောင်းလဲသွားနိုင်တယ် လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

အခုအချိန်မှာဆို၇င်တော့ သူမရဲ့ဒဏ်ရာတွေဟာ ချုပ်ပြီးသွားပြီးဖြစ်ပေမယ့် ငါးမန်းသွားအစတွေ ကပ်ကျန်နေသေးတယ်လို့သိရပါတယ်။

သူမအနေနဲ့ကတော့ ဒဏ်ရာက အမာရွတ်ကျန်ခဲ့မှာပါ ၊ အခြေအနေမဆိုးသွားခဲ့တာကိုပဲကျေနပ်ရသလို ၊ အခုလိုဖြစ်ရပ်ကြောင့် သမုဒ္ဒရာကို သူမလန့်မသွားပါဘူး ၊ ပိုပြီးတောင်ချစ်လာပါတယ် လို့ပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။

SOURCE -BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။