ကဲ အချိုးအစားမကျတဲ့ ဗိုလ်ချုပ်ရုပ်ထု ပြန်လည်ပြုပြင်တော့မယ်တဲ့

လူမှုကွန်ယက်ပေါ်မှာ လူပြောများနေတဲ့ အချိုးအစားမကျစွာ ထုလုပ်ထား

တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံရုပ်ထုကိုသွားရောက်ကြည့်ရူကာ ပြန်လည်

ပြုပြင်သွားမယ်လို့ ရွှေဘိုမြို့ နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

(၁)ဦးမိုးကျော်သူကပြောပါတယ်။

-

ဦးမိုးကျော်သူက “ ဝန်ကြီးချုပ်ကို ပြောပြီးသွားကြည့်ရမှာပေါ့။ဟုတ်တယ်

ဆိုရင်ပြန်လုပ်သင့်ရင်ပြန်လုပ်ရမှာပေါ့ ပြန်ပြင်ခိုင်းရမှာပေါ့ ပုံပျက်ပန်းပျက်

ကြီးဆိုရင်စော်ကားသလို ဖြစ်နေမှာပေါ့။

-

အစားထိုးပြီးပြန်ပြုပြင်ရမှာပေါ့ “လို့ပြောပါတယ်။ သည်ရုပ်ထုဟာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆင်အင်းကျေးရွာကျောင်းဝန်းအတွင်း ဘိလပ်မြေနဲ့ပြုလုပ်ထားတဲ့ရုပ်ထုဖြစ်တယ်လို့သိရပါတယ်။

-

အချိုိးအစားမကျနတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုပ်ထုဖေ့ဘုတ်စာမျက်နှာ

ပေါ်မှာ ဝေမျှမှုအများဆုံးဖြစ်ပြီး နောက်မှာတော့ ပြည်သူအများအပြား

ဟာ လွှတ်တော်ကိုယ်စားလှယ်ကို ဖုန်းဆက်ပြီး လာကြည့်ပေးဖို့ အကြောင်း

ကြားခဲ့တယ်လို့သိရပါတယ်။

-

ရွှေဘိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂)နေရာဟာစစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အနိုင်ရရှိခဲ့တဲ့

မဲဆန္ဒနယ်ဖြစ်ပါတယ်။

-

သည်ရုပ်ထုဖြစ်မြောက်အောင် ရပ်ရွာက နေစုပေါင်း ငွေကောက်ခံပြီး

လုပ်တာလား၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဖြစ်မြောက်ရေးအဖွဲ့က ရန်ပုံငွေကောက်ပြီးလုပ်တာလား၊ ဘယ်သူကထုလုပ်ပြီး ငွေကြေး

ကုန်ကျမှုဘယ်လောက်ရှိခဲ့တယ်ဆိုတာ တိတိကျကျသိရဖို့ အမြန်

စစ်ဆေးရမယ်လို့ ရွေဘိုမြို့နေထိုင်သူ ကိုကျော်စွာမိုးကပြောပါတယ်။

-

“ သည်ပုံကို မြင်ရတာ ဗိုလ်ချုပ်တင်မကဘူး ပြည်သူအားလုံးကို စော်ကား

လိုက်တာပဲ စာသင်ကျောင်းရှေ့မှာလို့ ပြောသံကြားတယ်။အတိအကျတော့

မသိရသေးဘူး မြို့နဲ့ဝေးနေတော့ကိုယ်တိုင်တော့ မသွားရသေးဘူး” လို့ပြောပါတယ်။

-

သည်ရုပ်ထုဟာ ဖေ့ဘုတ် လူမူကွန်ယက်စာမျက်နှာ ပေါ်မှာ မနေ့က

စတင်ပြန့်နှံ့ခဲ့ပြီး ဝေဖန်မှုတွေကိုကြုံတွေ့နေရပါတယ်လို့ ကုမုဒြာမှာဖော်ပြထားပါတယ်

Credit - ကုမုဒြာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။