တရုတ်နိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ထင်ရှားသူ တယောက်ဖြစ်တဲ့ ချင်းယုံမင်းကို တရုတ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ၁၃ နှစ် ထပ်ချခဲ့တယ်လို့သိရပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ချင်းယုံမင်းဟာ ၂၂ နှစ် ထောင်ထဲမှာ နေခဲ့ပြီးဖြစ်သလို သူအနေနဲ့တရားရုံးကို ပူးပေါင်းဆောင်ရွက်တာ မလုပ်ခဲ့ဘူး၊ တရားခွင် တလျှောက်လုံးမှာ နှုတ်ဆိတ်နေခဲ့တယ်လို့ သူ့ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေ လင်ချင်းလိုင်က ပြောကြားခဲ့ပါတယ်။

အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့တာကို တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ ပြည်သူ့တရားရုံးက အွန်လိုင်းကနေ အတည်ပြုထားသလို

လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပြီး ဒီမိုကရေစီကို ယုံကြည်ချက်ကြောင့် သူအခုလို တရားစွဲခံရတာပါလို့ ပြောကြားနေသူတွေလည်းရှိနေပါတယ်။

ချင်းယုံမင်းဟာ တရုတ်ဒီမိုကရေစီပါတီကို ပူးတွဲ တည်ထောင်သူ တဦးလည်းဖြစ်ပြီး ၁၉၉၈ မှာ ပါတီ တရားဝင် မှတ်ပုံတင်ဖို့ ကြိုးစား တဲ့အတွက် သူ ထောင်ဒဏ် ချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

ဒီလို ထောင်ဒဏ်ကျမှတ်ခံရပြီး နောက်နှစ်မှာပဲ ချင်းယုံမင်းကို ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်း လျာထားခံခဲ့ရသလို ၂၀၁၅ ခုနှစ်မှာ ချင်းဟာ အစိုးရရဲ့ မူဝါဒတွေကို ဆွေးနွေးဝေဖန်ခဲ့တဲ့အပြင် တရုတ်လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တွေကို ဦးဆောင်ခဲ့တဲ့အတွက် ထပ်ပြီး အဖမ်းခံခဲ့ရတာပဲဖြစ်တယ်လို့သိရပါတယ်။

SOURCE - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။