အခုနောက်ပိုင်း မောင်းသူမဲ့ယာဉ်တွေဟာ လူနေမှုဘဝမှာ အတော်လေးအရေးပါ အရာရောက်ခဲ့ပြီး နောက်ပိုင်းခေတ်မှာလည်း နေ့စဉ်အသုံးဝင်မယ့် သယ်ယူပို့ဆောင်ဆောင်ရေး တစ်ခု ဖြစ်လာမယ်လို့ လူအများစုက စတ်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ မောင်းသူမဲ့ ယာဉ်တွေဟာ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိသေးပြီး နာမည်ကြီး ကားကုမ္ပဏီတော်တော်များများကလည်း ဒီနည်းပညာကို စမ်းသပ်လာကြပါတယ်။

ဒီလို စမ်းသပ်နေတဲ့ အထဲမှာ Mercedes Benz ကုမ္ပဏီလည်းပါ၀င်လာပြီး လာမယ့်နှစ်မှာ မောင်းသူမဲ့ယာဉ်တွေကို စတင်စမ်းသပ်တော့မယ်လို့ သိရပါတယ်။ ကုမ္ပဏီက Mercedes S-Class Car သို့မဟုတ် V-Class Vans များကို အသုံးပြုဖို့ စဉ်းစားနေသလို နှစ်မျိုးစလုံးကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒီကားရဲ့ ထူးခြားချက်ကတော့ Nvidia ရဲ့ ထိပ်တန်း မောင်းသူမဲ့ ကား နည်းပညာ ဖြစ်တဲ့ Drive Peagasus ကို အသုံးပြုထားမှာ ဖြစ်ပါ တယ်။ ဒါပေမယ့် ကားများကို ထိန်းချုပ်ဖို့အတွက် မာစီးဒီးရဲ့ ကိုယ်ပိုင် ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲကိုလည်း အသုံးပြုထားမှာ ဖြစ်တယ်လို့ သိရပါတယ်။  

စမ်းသပ်မယ့် ရက်အတိအကျကို မသိရသေးသော်လည်း အများပြည်သူ အခမဲ့ စီးနင်းနိုင်ပြီး Ride Sharing ၀န်ဆောင်မှု ပါမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒါ့့အပြင် ကားပေါ်မှာ စတီယာရင်နဲ့ ခြေနင်းများကိုလည်း မဖယ်ရှားထားဘဲ လိုက်ပါစောင့်ကြည့်မယ့် လူတစ်ဦး ထည့်ပေးထားမှာဖြစ်တာကြောင့် နည်းပညာချို့ယွင်းချက်ဖြစ်ပေါ်ပါက လူကိုယ်တိုင် ထိန်းချုပ်မောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။  

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။