ပါကစ္စတန်နိုင်ငံမှာတော့ ယခုလအတွင်းမှာ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် ပါတီဝင်တွေဟာ အသီးသီးမဲဆွယ်မှုတွေပြင်းထန်စွာပြုလုပ်နေတယ်လို့သိရပါတယ်။

သို့ပေမယ့် မနေ့က ပါကစ္စတန်အနောက်တောင်ပိုင်းက မက်စတန်ဆိုတဲ့ မြို့မှာ မဲဆွယ်စည်းရုံးရေလူထု စုဝေးပွဲလုပ်နေစဉ်တွင် အသေခံဗုံးခွဲသမားတစ်ဦးက ၀င်ရောက်ဗုံးခွဲခဲ့တယ်လို့သိရပါတယ်။  

၄င်းဗုံးခွဲမှုကိုတော့ အိုင်အက်စ အဖွဲ့က သူတို့ရဲ့လက်ချက်လို့ကြေညာခဲ့သလို အနည်းဆုံးလူပေါင်း ၁၂၈ ဦးလောက်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် လူပေါင်း ၁၅၀ လောက်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့သိရပါတယ်။ 

ဒေသခံတွေကတော့ ယခုလိုတိုက်ခိုက်မှုမျိုးဖြစ်လာမယ်လို့ လုံးဝမမျှော်လင့်ထားကြသလို သူတို့အဲ့လိုမမျှော်လင့်ရခြင်းကလည်း ပါကစ္စတန်စစ်တပ်က ၄င်းအနောက်တောင်ပိုင်းဒေသတွေမှာ စစ်သွေးကြွတွေ မရှိတော့ဘူးလို့ ကြေညာထားတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသူတွေထဲမှာ ဘလူချီစတန်ခရိုင်လွှတ်တော် အဖြစ်အရွေးခံမယ့် အမတ်လောင်း ဆာရစ်ချရိုင်ဆန်နီ လည်းပါ၀င်ခဲ့သလို ယခုလိုတိုက်ခိုက်မှုက ၂၀၁၄ ခုနှစ်နောက်ပိုင်း အသေအပျောက်အများဆုံးတိုက်ခိုက်မှုတစ်ရပ်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။