ဖုန်းစျေးက ပြောလို့မရဘူး သိချင်ရင် ကိုယ့်ဘာသာ စုံစမ်းကြည့်လို့ ပြောလိုက်တဲ့ ရွှေမှုန်ရတီ

မကြာမီကဘဲ ချစ်သူကို Gold Limited Edition ဖုန်းကိုမွေးနေ့လက်ဆောင် အဖြစ်ပေးခဲ့တဲ့ ရွှေမှုန်ရတီက ဖုန်းရဲ့စျေးနှုန်းကို သိချင်ရင် ရှာကြည့်ပြီး စပ်စုကြည့်လိုက်ပါတဲ့

-Gold Limited Edition ဖုန်းလေးတွေလဲ မှာပြီး ဖေ့စ်ဘွတ်ပေါ်တင်ထားတာတွေ့ရတယ်။

သြော် ဒီနေ့မနက်ပဲတင်ထားတာ ညီမသူ့ကို Birthday Present ပေးတာပါ။ Birthday Present တွေထဲက တစ်ခုပေါ့။ အဲ့ဒီဟာကမှာရတာ နှစ်လလောက်ကြာသွားတယ်။ မနေ့ကမှရောက်လာတယ်ပေါ့။ ညီမက ညီမဟာညီမ သူ့ဟာကိုကြည့်ပြီး အရမ်းသဘောကျလို့ညီမအတွက်ပါဆင်တူကိုင်ရအောင် ထပ်မှာလိုက်တာပေါ့။

-စျေးဘယ်လောက်လောက်ရှိလဲ။

Prize ကပြောလို့မရဘူး။ သိချင်ရင်ကိုယ့်ဟာကိုယ်စုံစမ်းပေါ့။ The Rich Germs ကလုပ်တာလေ Gold Elite ပွဲလေ။ အဲ့ဒါကို ရှာကြည့်ကြည့်လိုက် စပ်စုကြည့်လိုက်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်

Credit - Trend Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။