တောင်အာဖရိက နမ်မီးဗီးယား ကမ်းခြေ ကို အရိုးစုကမ်းခြေ ၊ ငရဲတံခါး စတဲ့ နံမည်တွေ နဲ့ အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။ မိုးခေါင်ရေရှား ဒေသဖြစ်ပြီး တစ်နှစ်မှာ မိုရေချိန် ၁၀ မီလီမီတာသာ ရှိပြီး မိုးမရွာ သလောက် အခြေအနေဖြစ်သောကြောင့် သတ္တဝါတွေ သေဆုံးရုံတင်မကဘဲ လူတွေလည်း သေဆုံးပါတယ်။ သင်္ဘောပျက်ပေါင်း များစွာ ဟာလည်း သဲကန္တာရ ထဲရောက်နေပါတယ်။ 

သဲကန္တာရထဲ ကို သင်္ဘော တွေ ဆွဲတင်လာတာ တော့မဖြစ်နိုင်ပါဘူး sea breeze ပင်လယ်ဖက်က တိုက်တဲ့ လေ (သို့မဟုတ်) လှိုင်းတွေရဲ့ သယ်ဆောင်မှုကြောင့် သင်္ဘော တွေ ဟာ သောင်တင်ပြီး ရေကျသွားတဲ့ အခါ သင်္ဘော ကမ်းတွေကမ်းပေါ် ရောက် နေတာဖြစ်နိုင်ပါတယ်။1942 ခုနှစ် က ပေ ၅၃၀ ရှည်တဲ့ ဗြိတိသျှသင်္ဘော Dunedin Star. ဆိုတဲ့ သင်္ဘော ကို လူတွေ ဟာ အကြောင်း အမျိုးမျိုး ကြောင့် ရေထဲကို သယ်ယူ ဖို့ ကြိုးစား ခဲ့ သေးပါတယ် 

ဒါပေမယ့်လည်း သင်္ဘောကို သယ်ယူဖို့ ကြိုးစား နေစဉ် မှာပဲ တူးဖေါ်သယ်ယူသူ တစ်ချို့ သဲ နစ်ပြီး သေဆုံး ခဲ့ရပါတယ်။ယနေ့ အချိန်မှာ တော့ ကမ်းခြေတစ်ခု လုံး သင်္ဘောပျက် တွေနဲ့ နည်းနည်း တော့ စိတ်ခြောက်ခြားဖွယ်ဖြစ်နေပါတယ်။အရိုးစုကမ်းခြေရဲ့ ခြောက်ခြားဖွယ်ပုံရိပ်တွေကို ကြည့်ရှုလိုက်ပါအုန်း ပရိသတ်ကြီးရေ။ 

Source : Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။