မြန်မာအသင်းနဲက မလေးရှားအသင်းတို့ကတော့ ယနေည 6:30မှာ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို စတင်ကစားကျတော့မှာပဲဖြစ်ပါတယ်။မြန်မာအသင်းအနေနဲ့ 2005ခုနှစ်ထဲက မရရှိတော့တဲ့ ဆုဖလားကြီးကို တစ်ဖန််ရရှိဖို့ကလဲလက်တစ်ကမ်းသားလိုပါတော့တယ်။ မြန်မာအသင်းအနေနဲ့ ပရိသတ်တွေမျှော်လင့်တောင်းတနေတဲ့ ဆုဖလားကြီးကိုရယူဖို့ စိတ်အားထက်သန်နေပြီး ရေကုန်ခမ်းကုန်ကစားကျတော့မှာပဲဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ အုပ်စုပွဲစဉ်မှာတုန်းက 1-0နဲ့ ကပ်ရှုံးတာကြောင့် မြန်မာယူ-19အတွက် စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့လဲ ဗိုလ်လုပွဲအဆင့်မှာ မြန်မာနဲ့ မလေးရှားတို့ဟာ အရင်က နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ၂ဝဝ၃ အာဆီယံယူ-၁၈ ပြိုင်ပွဲမှာ မြန်မာက ၄ ဂိုး ဂိုးမရှိ၊ ၂ဝဝ၅ အာဆီယံ ယူ-၂ဝ ပြိုင်ပွဲမှာ မြန်မာကပဲ ၁ ဂိုး ဂိုးမရှိနဲ့ နှစ်ကြိမ်လုံး အနိုင်ရပြီး ဗိုလ်စွဲထားတာကြောင့် ပရိသတ်တွေစိုးရိမ်စိတ်လျော့နည်းခဲ့ပါတယ်။ 

ဖိုင်နယ်ကိုရောက်လာပြီး ဆုဖလားနဲ့ လက်တစ်ကမ်းသာလိုတော့တဲ့အချိန်မှာ ပရိသတ်တွေကလဲ အနို်င်ရရှိပြီး ဆုဖလားကြီးကိုပြန်ယူလာနိုင်ပါစေလို့ဝိုင်းပြီး ဆုတောင်းပေးနေကြပါတယ်။အဆိုပါမြန်မာအသင်းရဲ့ ဗိုလ်လုပွဲကိုတော့ facebookကနေပဲ live ပြသမှာပဲဖြစ်ပြီး ရုပ်သံလိုင်းတွေကတော့ ပြသခြင်းမရှိပါဘူး။ယနေ့ည6:30မှကစားမဲ့ မြန်မာအသင်းနဲ့ မလေးအသင်းတို့ရဲ့ပွဲကိုတော့ မြန်မာယူ19 ကစားသမားတွေအားရှိအောင် တခဲနက်အားပေးလိုက်ရအောင်လားခင်ဗျာ။

source: mff 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။