ခိုလှုံရာရိပ်သာမှ အဖွားကို အိမ်ဖော်အဖြစ် ခိုင်းစေရန် သွေးဆောင်သွား

“ခိုလှုံရာမှ အဖွားကို အိမ်ဖော်အဖြစ် ခိုင်းစေရန် သွေးဆောင်သူ သိစေရန်

ရိပ်သာက အဖွားကို အိမ်ဖော်အဖြစ်ခိုင်းစေရန် သွေးဆောင်ဖြားယောင်းခေါ်သွားသော တရားသူကြီးဆိုသူ လင်မယားရေ...ရိပ်သာမှ အုပ်ထိန်းသူခွင့်ပြုချက်ကိုလုံးဝတောင်းခံခြင်းမရှိဘဲ သွေးဆောင်ဖြားယောင်းသွားတာကို ခိုလှုံရာက လုံးဝခွင့်လွှတ်မည်မဟုတ်ပါ...ဒီပိုစ့်ကိုတွေ့ရင် အမြန်ပြန်ဆက်သွယ်ပြီး ပို့ပေးပါ...၃ ရက်အတွင်းပြန်မပို့လျှင် လုပ်သင့်တာကို လုပ်ရပါလိမ့်မည်...အားလုံးလဲဝိုင်းဝန်းကူညီပေးကြပါ...

အောက်ပါ ပုံပါ အဖွားဟာ...ကချင်ပြည်နယ် တန်ဖဲရွာနားမှာ နေတဲ့ ကျောင်းဆရာမဟောင်း အဖွားပါ...သားသေပြီးနောက် ရှိတာအကုန်ရောင်းချပြီး ချွေးမနောက်လိုက်ခဲ့တာပါ...ချွေးမဖြစ်သူက ကားဂိတ်မှာ လိမ်လည်ပြီးထားခဲ့လို့ မသွားတတ်မလာတတ်နဲ့ ဒုက္ခရောက်နေလို့ ​ရွှေတိဂုံဘုရားမှ ဘုရားဝန်ထမ်းမှ ပုံ့တို့ဆီ ဆက်သွယ်အကူအညီတောင်းပြီး ပုံ့တို့ စောင့်ရှောက်ခဲ့တာ နှစ်လကျော်ပါပြီ...အဖွားဟာ တိုင်းရင်းသူပီပီ အရမ်းရိုးသားပြီး...ပုံတို့ဆီမှာတောင် အလ ကားမနေချင်ဘူး ပြောပါတယ်...ရိပ်သာမှာလဲ အစစ အရာရာ ကူလုပ်ပေးသလို...ဆေးရုံတတ်ရတဲ့ အဖွား တွေကိုလဲ လိုက်စောင့်ပေးပါတယ်....

ပြီးခဲ့တဲ့ အပါတ်က ရိပ်သာက အဖွားဆေးရုံတတ်ရတာကို လိုက်စောင့်ပေးရင်း တရားသူကြီးဆိုသူလင်မယားနဲ့တွေ့ပါတယ်...ဒီလင်မယားက သူတို့ လင်မယားနှစ်ယောက်ထဲရှိကြောင်း...အိမ်စောင့်ရုံဘဲစောင့်ရမှာဖြစ်ကြောင်း...တလလျှင် ၇၅၀၀၀ ပေးမည်ဖြစ်ကြောင်း သွေးဆောင်ပြီး အဖွားကိုခေါ်ပါတယ်...အဖွားက ၇ိပ်သာပြန် ဝန်ထမ်းကောင်မလေးကဆေးရုံစောင့်တော့လဲ အဲ့ဝန်ထမ်းကောင်မလေးကိုထပ်မေးပြီး ခေါ်ခိုင်းပြန်ပါတယ်....ပုံ့တို့ထံတစုံတရာဆက်သွယ်ခြင်းမရှိပါဘူး...

ပုံ့တို့ အဘိုးအဖွားတွေ ခေါ်ထားတာ ပြုစု​စောင်​့​ရှောက်ဖို့ ရည်​ရွယ်​ချက်​ပါ...ခိုင်းဖို့ အိမ်ဖေါ်လိုရင် လာခေါ်ဖို့ လူစုထားတာမဟုတ်ပါဘူး...ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ခေါ်ချင်သလိုခေါ်လို့ရတဲ့ ဇရပ်လဲမဟုတ်ပါဘူး...အဲဒါကြောင့် အခုလို လူစိတ်မရှိသွေးဆောင်ဖြားယောင်းသွားတာကို လုံးဝ လက်သင့်မခံပာဘူး...အသက် ၆၅ နှစ်ပါ...အိမ်ဖော်အဖြစ်ခေါ်တာ မိုက်ရိုင်းလွန်းအားကြီပါတယ်...အုပ်ထိန်းသူကို အကြောင်းမကြားခြင်းဟာလဲ ပုံ့တို့ကို လူငယ်ဆိုပြီး စော်ကားရာကြပါတယ်...

ခိုလှုံရာရဲ့ ရည်ရွယ်ချက်က အဘိုးအဖွားတွေကို ပြုစုစောင့်ရှောက်ဖို့ပါ....

ယခုကဲ့သို့ ဂေဟာက စွန်ပစ်ခံဖိုးဖွားတွေဘဲ ငွေနဲ့မြှားရင်ရမှာပါ...စောင့်ရှောက်မယ်လို့ပြောရင် ရမှာပါ...စွန့်ပစ်ခံ ဘိုးဘွားတွေဘဲ ခေါ်ချင်သလို ခေါ်လို့ရပါတယ်...အခု စောင့်ရှောက်ထားတဲ့သူတွေကို ဂရုစိုက်စရာမလိုပါဘူးဆိုတဲ့ အချိုးမျိုး ချိုးလာတဲ့ ခိုလှုံရာကို အထင်သေးစော်ကားလာတဲ့ ဘယ်သူကိုမဆို ဘာကြီးဘဲဖြစ်ဖြစ် ကျွန်မ ဒေါ်သင်းရွှေစင်လှိုင် မှ လုံးဝ(လုံးဝ) ခွင့်လွှတ်မည်မဟုတ်ပါ.....

အားလုံးလဲ ဝိုင်းဝန်းကူညီပေးကြပါ...

ဒေါ်သင်းရွှေစင်လှိုင်

ခိုလှုံရာ ပရဟိတ

၀၉၇၉၅၉၂၉၈၄၉၊၀၉၇၉၆၆၃၃၃၆၈” ဟု ခိုလှုံရာရိပ်သာမှ တာဝန်ရှိသူ ဒေါ်သင်းရွှေစင်လှိုင်မှ ရေးခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။