တကမ္ဘာလုံး အုတ်အော် သောင်းနင်း ဖြစ်အောင် ဇူလှိုင်လ(၇)ရက်နေ့ က Justin Bieber နဲ့ Hailey baldwin တို့ရဲ့ စေ့စပ်သတင်းပဲ ဖြစ်ပါတယ်။Justin Bieber ရဲ့ အနာဂတ်ရဲ့ ဇနီးလောင်း ဖြစ်လာမဲ့ Hailey Baldwin ကို လွန်ခဲ့တဲ့ ဇူလှိုင်လ (၇) ရက်နေ့ က နယူးရော်ခ်မြို့၊ဘာဟာမစ် ရဲ့ အပန်းဖြေ အပျော်ခရီးကို ရောက်ရှိနေချိန်မှာ Justin Bieberက လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။ ရည်းစားများတဲ့Justin နဲ့ ပြတ်လိုက်ဆက်လိုက် အနေအထားကနေ တတိယ အကြိမ်မြောက် ပြန်လည်တွဲနေကြတဲ့ Justin Bieber နဲ့ Hailey Baldwin တို့ ဆက်ဆံရေးကတော့ ဒီတစ်ကြိမ်မှာ အတည်ဖြစ်သွားပြီ လို့ ဆိုရမှာပါ။

Justin Bieber နဲ့ Hailey Baldwin ဟာ ဒီ 2018 မေလ လောက်မှာ ပြန်လည်တွဲခုတ်ခဲ့ကြပြီး ဒီ နှစ်လလေးအတွင်း မြန်မြန်ဆန်ဆန် ကြီး စေ့စပ်လိုက်တာ ကိုတော့ အားလုံးက အံ့သြနေကြမှာပါ။ Hailey Baldwin ကို ၃၃ ကာရက်ရှိတဲ့ စိန်လက်စွပ် တစ်ကွင်း နဲ့ အများရှေ့ ဒူးတစ်ဖက် ထောက် လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ရွှေဖြူနဲ့ စိန်ကို လက်ရာမြောက် သွန်းလုပ်ထားပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ (f $250,000) (မြန်မာငွေ- သိန်း ၃၃၀၀ ကျော်)တန်ဖိုးရှိပြီး ကမ္ဘာကျော် ဇိမ်ခံပစ္စည်းတွေကို သိးသန့် ရောင်းချတဲ့ Wakefields Jewellers ကနေ နောက်ဆုံးပေါ် Engagement Ring တစ်ခု အဖြစ် မှာယူခဲ့ပါတယ်။ အားလုံးအံ့ သြ တသဖြစ်နေတဲ့ သူရဲ့ စေ့စပ်သတင်းကို ဇူလှိုင်လ (၁၀) ရက်နေ့မှာ instagramကနေတဆင့် နောက်ဆုံးမှာတော့ အတည်ပြု ပြောကြားလိုက်ပါတယ်။ Justin Bieber အနေ နဲ့ Hailey Baldwin အပေါ် အရမ်းချစ်မနေပြီ ဖြစ်ကြောင်းနဲ့ဘဝ တသက်လုံးစာ သူမ နဲ့ တစ်ဦးကိုတစ်ဦး ကြင်နာစွာ ၊ ဂရုစိုက်သွားမဲ့ အကြောင်း ဖွင့်ဟလိုက်ပါတယ်။

မနေ့က ဇူလှိုင်လ ၉၁၂) ရက်နေ့မှာတော့ ့ Hailey Baldwin ရဲ့ တိုက်ခန်းကနေ အတူတူ ထွက်လာတဲ ့ သူတို့ စုံတွဲပုံတွေ ထပ်တက်လာပါတယ်။ Hailey Baldwin ဟာ သူမ တိုက်ခန်းကို Justinကို အလည်ခေါ်ခဲ့ပုံရပြီး အထုပ်တွေ ၊ Luggage အိတ်တွေကို Justin က သယ်ပြီး တစ်နေရာကို နှစ်ဦးသား ခရီးထွက်မဲ့ အနေအထားမှာ ရှိပါတယ်။ Hailey Baldwin ရဲ့ ကနေ ဆင့် သူတို့ နှစ်ဦးစလုံးရဲ့ အမှတ်တရ ပထမဆုံး စုံတွဲပုံတွေကို မျှဝေလိုက်ပြီး caption တစ်စုံတရာ ရေးသားထားခြင်းမရှိပါဘူး။ ပုံထဲမှာ သူမ နဲ့ Justinတို့ လေယာဉ် မတက်ခင် အမှီအရ ရိုက်ကူးထားပြီး က Hailey ပဲပေးနေချိန်မှာ Justinက snap မိသွားတဲ့ ပုံလေးပါ။ Justin Bieber နဲ့ Hailey baldwin တို့စုံတွဲလေးကို သဘောကျ ကျေနပ်လက်ခံသူ ရှိသလို လက်ရှိမှာတော့ Justin ကို Selena Gomezနဲ့ ပဲ ပြန်တွဲစေချင်သူတွေလည်း အများအပြားရှိနေဆဲ ပါပဲ။

source: http://www.justjaredjr.com ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။