မနေ့ကညနေပိုင်းမှာဖြစ်ပွားခဲ့တဲ့ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းမပေါ်ဓာတ်လိုက်မှုကို ပရိသတ်အားလုံးသိနှင့်ပြီလို့ထင်ပါတယ်။ မနေ့က ညနေ ၅နာရီလောက်က လမ်းမရေကြီးမှုနှင့် ပျက်ကျနေတဲ့ ဓာတ်ကြိုးကြောင့် စတင်ဖြစ်ပွားခဲ့ပြီး နေရာမှာတင်ပွဲခြင်းပြီးသေဆုံးခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဖြစ်ပွားမှုကြောင့် သက်ဆိုင်ရာကို တိုင်ကြားခဲ့ခြင်းရှိခဲ့ပေမယ့် အချိန်မီရောက်ရှိလာနိုင်ခြင်းမရှိသောကြောင့် ကလေးငယ်ရဲ့အသက် ကယ်ဆယ်ဖို့နောက်ကျခဲ့တာတွေ့ရပါတယ်။ ထို့နောက် အဆိုပါကလေးငယ်အား မိသားစုဝင်တွေကိုယ်တိုင်လာရောက်ကယ်ဆယ်ခဲ့ပြီး စံပြဆေးရုံသို့ပို့ဆောင်ခဲ့ပေမယ့် အသက်ကယ်ဆယ်နိုင်ခြင်းမရှိခဲ့တာတွေ့ရပါတယ်။ 

လက်ရှိဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေမှာ ရေကြီးမှုတွေဆက်တိုက်ဖြစ်ပေါ်နေပြီး ပျက်စီးယိုယွင်းနေတဲ့ လမ်းမီးတိုင်တွေကြား ဖြစ်ပေါ်ခဲ့တဲ့ ကလေးငယ်ရဲ့ အဖြစ်အပျက်ကတော့ ပရိသတ်တွေကို ထိပ်လန့်စေခဲ့မယ်ထင်ပါတယ်။ လမ်းမပေါ်က မမြင်နိုင်တဲ့ အန္တရယ်တွေကို သတိထားရှောင်ကြဉ်နိုင်ရန်အတွက် မနေ့က ပုံရိပ်လေးတွေနှင့်ဗီဒီယိုဖိုင်လေးကိုပြသလိုက်ပါတယ်။

Photos - Win Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။