ပရိသတ်တွေအတွက် ၀မ်းသာစရာသတင်းတစ်ခုအနေနဲ့ဆိုရင် ပညာရှင်တွေဟာ အနာဂတ်မှာ ဘောလုံးပွဲကို 3D ပုံရိပ်တွေနဲ့ ကြည့်မရှုုနိုင်ရန်အတွက် ကြိုးစားနေကြပြီပဲဖြစ်ပါတယ်။

သူတို့လေ့လာဖန်တီးနေတဲ့ 3D မျက်မှန်ဟာ ့ရိသတ်တွေကို တကယ့်ဘောလုံးပွဲမှာ သွားကြည့်ရသလို ထူးခြားတဲ့ ခံစားမှုရသကို ရရှိစေမှာပါ။ 

၄င်းပညာရှင်အဖွဲ့ဟာ ဖီဖာဗီဒီယိုဂိမ်းတွေကို လေ့လာပြီး ဘောလုံးပွဲတွေကို ရှုထောင့်ပေါင်းစုံကနေ မြင်တွေ့နိုင်အောင်ဖန်တီးနေကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပညာရှင်တစ်ဦးဟာဆိုရင်လည်း အရင်ဆုံးကျွန်တော်တို့ဟာ ဘောလုံးသမားတစ်ဦးစီရဲ့ ကို်ယ်နေဟန်ထားနဲ့ ကစားပုံကိုလေ့လာပြီး ပုံရိပ်ယောင်အဖြစ် ဖန်တီးတာ ဖြစ်တယ်လို့ပြောကြားထားပါတယ်။ 

သူတို့အနေနဲ့ကတော့ ကျနော်တို့အနေနဲ့ ကောင်းမွန်တဲ့ ကစားကွက်တင်ဆက်မှုရရှိဖို့ကတော့ ကျော်လွှားရမယ့်အခက်အခဲတွေ များစွာရှိနေသလို ပုံရိပ်တခုနဲ့တခု ထိတွေ့တဲ့အခါ ပျောက်သွားမယ့်အလားအလာတွေ ရှိနေတာကြောင့် လေ့လာမှုတွေများစွာပြုလုပ်နေကြပါတယ်။

ဒါ့အပြင် ပိုပြီးရှည်ကြာတဲ့ ကစားပွဲတွေအတွက် ဘယ်လိုဖန်တီးမလဲ ဥပမာ ၂ နာရီလောက်ကြာတဲ့ကစားပွဲမျိုးပေါ့ ၊နောက်ပြီး ဘောလုံးပွဲမဟုတ်တဲ့ တင်းနစ် တို့ဘတ်စကတ်ဘော တို့ဆိုရင်ကော ဘယ်လိုဖန်တီးမလဲဆိုတာတွေကို သူတို့တွေအနေနဲ့ လေ့လာမှုတွေပြုလုပ်နေသလို အချိန်တခုရောက်ရင် ပရိသတ်တွေလက်ထဲထည့်ပေးနိုင်မယ်လို့ ယုံကြည်ထားကြတယ်လို့သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။