ဖားကန်​့မြို့နယ်​ လုံးခင်​းအုပ်​စု ဆန်​ခါ​ကျေးရွာအ​နောက်​ဖက်​ မဟာကျင်​း​ဟောင်​း ​နွံကန်​​ပေါက်​ပြီး လူ​ပေါင်​းရာချီ​သေဆုံးနိုင်တယ်လို့သိရပါတယ်။ (14.7.2018) ည​နေ ၂ နာရီခန်​့ ​လော​လောဆယ်​ လွတ်​​မြောက်​လာသူ အ​ယောက်​ ၃၀ ခန်​့ လုံးခင်​း​ဆေးရုံသို့ ​ရောက်​ရှိနေတယ်လို့ဆိုပါတယ်။ နွံကန်​​ပေါက်​ကျရင်​​တော့ ​ရေမ​ဆေး​ရော ချဉ်​​ပေါင်​းသယ်​​ရော အကုန်​​သေပဲ ​ပြေးလို့​မလွတ်​ဘူး ​နွံ​အောက်​​ရောက်​​နေတဲ့အ​လောင်​း​တွေလဲ ပြန်​တူး​ဖော်​ဖို့ မလွယ်​ဘူးလို့ဆိုပါတယ်။ လုပ်​ကွက်​​ဟောင်​းသက်တမ်းကုန်လုပ်ကွက်မှာ ဒီနေ့နွံကန်ပေါက်ကျသွားတာဖြစ်ပြီး ရေမဆေး 50 ဦးထက်မနည်းပါသွားပါတယ် ကျင်းဟောင်းထဲမှာရှိတဲ့ကျင်​းတူး​နေသူများ အပါအဝင်​ သွား​ရေစာ လာ​ရောင်​းတဲ့ ​စျေးသည်​ မိန်​းခ​လေးမ​ျားလဲ ပါသွားပါတယ်လို့သိရပါတယ်။

နေ့လည် ၃ နာရီလောက်က ဖားကန့်ဒေသ လုံးခင်း မှာ မြေကမ်းပါးယံပြိုကျမှုဖြစ်ပွားပြီး သေဆုံးမှုဆယ်ဂဏန်းရှိတယ်လို့ ကနဦးသတင်းရရှိထားပါတယ်။လုံးခင်း အထက်ပိုင်းမှာတည်ရှိတဲ့ မဟာအစပထမကုမ္ပဏီလုပ်ကွက် အတွင်းမှာပြိုကျမှုဖြစ်ပွားတာဖြစ်ပြီး လောလောဆယ်တော့ အလောင်း ၁၀ လောင်းတူးဖော်ရရှိထားတယ်လို့ သိရကြောင်း လုံးခင်းဒေသခံဖြစ်တဲ့ GreenLand သဘာဝပတ်​ဝန်​းကျင်​ ထိန်​းသိမ်​း​ရေး အဖွဲ့ဒါရိုက်တာ ဦးနောင်လတ်က မီဒီယာတွေကို အတည်ပြု ပြောပါတယ်။

"သေဆုံမှုများတယ်လို့ကြားတယ်။ အတိအကျတော့မပြောနိုင်သေးဘူး။ ကျွန်တော့လူတွေတော့သွားနေပြီ။ အတိအကျသိရရင် ပြန်ပြောပါ့မယ် " လို့သူကဆိုပါတယ်၊ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု တွင် နေ့လည် ၂ နာရီခန့်က တောက်ပကြယ် ကုမ္ပဏီ နှင့် မဟာကုမ္ပဏီ၏ ကြားရှိ လုပ်ကွက်မှ ကမ်းပါး ပြိုကျမှုကြောင့် လူတစ်ရာခန် ့မြေစာပိ သွားပါတယ်လို့ ဆေးရုံသို့လိုက်လံပို့ဆောင်သူများက ပြောနေကျပါတယ်။လက်ရှိအချိန်မှာတော့ သေဆုံးသူစာရင်းကို အတိအကျထုတ်ပြန်ထားခြင်းမရှိသေးပါဘူး၊ဖားကန့်သူဖားကန့်သားအားလုံးအသက်အန္တရာယ် ကင်းရှင်းစွာရှာဖွေစားသောက်နိုင်ကြပါစေ။

Source - Kyaw Swar Myint 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။