ပိုးမမှီသာကတော့ ဆေးကျောင်းသူလေးတစ်ဦး ဖြစ်ပြီး သူမရဲ့ယဉ်ယဉ်လေးနဲ့လှတဲ့အလှကြောင့် နာမည်ကြီးအောင်မြင်လာသူလေး ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ "သိင်္ဂါရ သီချင်း" ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မဟာဆန်တဲ့သူမကို အားလုံးက စိတ်ဝင်စားအားပေးခဲ့တာ ဖြစ်ပါတယ်။ ကိုယ်လုံးလေးကသွယ်လျလှပလို မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်ကာ ကျက်သရေရှိသူလေး ဖြစ်ပါတယ်။

ပညာရေးတစ်ဖက်နဲ့အနုပညာအလုပ်ကို လုပ်ကိုင်နေရသူလေး ဖြစ်ပြီး ကြော်ငြာနဲ့ သီချင်း MTV တွေမှာ ပါဝင်ရိုက်ကူးနေရသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာ ပိုးက Sedona Wedding 2018 မှာ သတို့သမီးလေးတစ်ဦးအဖြစ် ပါဝင်ခဲ့သလို L'oreal Red Carpet ပွဲကိုလည်း အလှပဆုံးဝတ်ဆင်ကာတက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် သူမက စိုင်းစိုင်းCosmetic မှာလည်း ပင်တိုင်မော်ဒယ်လေးတစ်ဦး ဖြစ်ပါတယ်။ မကြာသေးမှီကမှ ထွက်ရှိထားတဲ့ Sai ရဲ့ Powder အသစ် ကြော်ငြာမှာလည်း ပါဝင်ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ အခုလည်း ပိုးက အနီရောင်ဝတ်စုံလေးနဲ့ ရိုက်ကူးထားတဲ့ သူရဲ့ပုံလေးတွေကို ပရိသတ်တွေအတွက် အသစ်တင်ထားတာတွေ့ရပါတယ်။ ကဲ အားလုံးက ချစ်ကြတဲ့ ပိုးမမှီသာ ရဲ့အလှပုံလေးတွေကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Source: Poe Mamhe Thar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။