YBS စနစ်ကို ဝေဖန်သူများမှာ မည်မည်ရရ ရေရေရာရာ သိထားခြင်းမရှိဘဲ ထင်ရာလျှောက်ရေးနေ သည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်အစိုးရက အကောင်အထည်ဖော်နေသော YBS စနစ်

ကို ဝေဖန်သူများမှာ မည်မည်ရရရေရေရာရာသိထားခြင်း မရှိ

ဘဲကောက်ချက်ချ၍ ထင်ရာလျှောက်ရေးနေကြခြင်း ဖြစ်

ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားလိုက်သည်။

လှိုင်မြို ့နယ်အတွင်းရှိ MICT ၌ကျင်းပသော ဘာကမ့်ရန်ကုန် ပွဲတွင် ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်ပြီး ယင်းကဲ့သို ့ ရေးသားမှုများမှာ

Yellow Journalism ဖြစ်လာနိုင်ကြောင်း ဆိုသည်။ " အစိုးရအဖွဲ ့တွေကို ဝေဖန်နေတဲ့ စာတွေကို ကျွန်

တော်တို ့ဖတ်ပါတယ်။ YBS စနစ်နဲ ့ပတ်သက်ပြီးတော့ ကြား

သိရတာတွေပေ့ါ။ ကျွန်တော်တို ့ဖတ်ကြည့်တယ်။ သူတို ့ဘာ

မှ မည်မည်ရရမသိရှာပါဘူး။ ဒါပေမယ့် မသိဘဲနဲ ့အဲဒီသိထား

တဲ့ အသိကို ကောက်ချတွေချပြီး ထင်ရာတွေ လျှောက်ရေး

မယ်ဆိုရင် အဖြေမှန်တစ်ခုမဟုတ်ပါဘူး။ ကိုယ်ကရေးမယ်

ဆိုရင် အချက်အလက်တွေကို သေချာစုစည်းပြီးမှဝေဖန်မယ်

ဆိုရင် ဒါဟာ စနစ်ကျပြီး ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခု

ကို တည့်မတ်ပေးနိုင်မှာဖြစ်ပါတယ် " ဟု ဝန်ကြီးချုပ်က ပြောသည်။ မီဒီယာမဏ္ဍိုင်သည် အရေးပါသောကဏ္ဍဖြစ်ပြီး စိတ်မကောင်းစရာ

အဖြစ်တွေ ့နေရခြင်းကထင်မြင်ယူဆချက်

များကို ကြားသမျှကို လျှောက်ရေးနေခြင်းဖြစ်ကြောင်း၊ ဆရာ

ကြီးများက ပြန်လည်မျှဝေသင်ကြားပေးခြင်းဖြင့် ကျင့်ဝတ် သိက္ခာများကို ပြန်လည်တည့်မတ်သင့်ကြောင်း ဆိုသည်။ " စာနယ်ဇင်းမှာဆိုရင် W တွေကို သိရပါမယ် ၊အစိုးရကို အပြု

သဘောဝေဖန်ခြင်းနဲ ့ကောင်းမွန်တဲ့လမ်းကြောင်းဖြစ်လာ

အောင်တွန်းအားပေးလာဖို ့မျှော်လင့်ပါတယ်။ ဒါပေမယ့် ထင်ရာမြင်ရာ ကြားရာတွေကို လျှောက်ရေးနေတာမျိုးထက် တိတိကျကျဖြစ်ဖို ့လိုပါတယ်။ လူမှုကွန်ရက်တွေမှာတော့ ဒီ

လောက်အထိ တိတိကျကျလိုက်နာစရာမလိုပါဘူး။ သတင်း စာမျက်နှာတွေပေါ်မှာတော့ လိုပါတယ်။ အဲဒီလို လိုက်နာ

ဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုတဲ့ မီဒီယာတွေက Yellow Journalist တွေဖြစ်လာနိုင်ပါတယ်။ Yellow ဆိုတာက ထင်

ရာမြင်ရာတွေ၊ အတင်းအဖျင်းတွေ၊ ဟုတ်ချင်လည်း ဟုတ်

မယ်၊ မဟုတ်ချင်လည်းမဟုတ်နိုင်ဘူးပေ့ါ။ အဲဒီလိုဆိုရင်တော့

ကျွန်တော်တို ့ရဲ ့မီဒီယာကဏ္ဍကြီးဟာ တစ်ဆင့်နိမ့်သွားပါ

လိမ့်မယ် " ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ YBS စနစ်ကိုစတင်လာခဲ့သည်မှာ ဇန်နဝါရီ ၂၈ ရက်အထိဆိုလျှင် ၁၃ ရက်ရှိလာခဲ့ပြီဖြစ်သည်။ လက်ရှိအချိန်တွင် YBS ကြောင့် အဆင်ပြေသည်ဆိုသော အသံများထက် အခက်အခဲများစွာ

ကိုသာ ခရီးသွားပြည်သူအများစုက ငြီးတွားနေကြကြောင်း

လည်း သိရသည်။

ဓါတ်ပုံ - ရန်ကုန်ဘားကမ့်

Credit - အေဝိုင်အီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။