ထိုင်းနိုင်ငံအကောင်းဆုံးဘောလုံးသမားဆုရှင် (၇)နှစ်အရွယ် မွန်တိုင်းရင်းသားဖြစ်တဲ့ နောင်းဖီအား ဂုဏ်ပြုလျက်

ဘောလုံးပါရမီရှင် နောင်းဖီဘဝအကြောင်း

၁။ထိုင်းနိုင်ငံမှာမွေးးတယ်။မိဘနှစ်ပါး ထိုင်းနိုင်ငံသားမဖြစ်လို. နောင်းဖီလည်း ထိုင်းနိုင်ငံသားမဖြစ်။(မကြာခင် ထိုင်းအမျိုးသားဘောလုံးအ

သင်းမှ နိုင်ငံသားရအောင် ဆောင်ရွက်ပေးမည်ဟုဆို)၊

၂။ထိုင်းကလေးများအား ဆရာတစ်ဦးက ဘောလုံးသင်ပေးနေတာကို နောင်းဖီမှ အသက် (၄) နှစ်အရွယ်မှာ နေ.တိုင်းခိုးကြည့်ပြီး ကစားချင်ပေမဲ့၊

ကစားခွင့်မရခဲ့။ဘောလုံးကို မြေအောက်မကျစေဘဲ ခြေနှစ်ဖက်ဖြင့် (၁၀) ခေါက် ကစားနိုင်မှ သင်ပေးမယ်ဟု ထိုင်းဆရာပြော။နောက်ဆုံး နောင်းဖီလေ့

ကျင့်ပြီး ဆရာကို လာလုပ်ပြခဲ့။ဆရာကလည်း ဂိုးတိုင်ထိအောင် ကန်နိုင်မှ သင်ပေးမယ်လို. ထပ်ပြောတယ်။နောင်းဖီက ဂိုးတိုင်ကို ထိအောင် လေ့ကျင့်ပြီး မိမိကန်နိုင်တဲ့အခါ ဆရာဆီ ပြေးလာပြီး ကန်ပြခဲ့တယ်။နောက်ဆုံး ဆရာက သင်ပေးမယ် ဆိုသော်လည်း နောင်းဖီမှာ ဖိနပ်လည်းမရှိ၊ ယူနီဖောင်လည်း မရှိပြန်။

၃။အခုဆိုရင် နောင်းဖီဟာ ဂိုးတိုင်ထိ ဘောလုံးကန်နိုင်စွမ်းရှိရုံမက ဘောလုံးကို မြေအောက်မကျစေဘဲ အခေါက် (၂၀၀-၃၀၀) အထိ ထိန်းကစားနိုင်သည်

ဟုသိရသည်။

၄။မနေ.က ထိုင်းရုပ်သံအစီစဉ်တစ်ခုမှာ ထွက်ပြီးနောက် အခုဆိုရင် နောင်းဖီဆီကို တစ်နေ.လူ(၂၀၀)ကျော် သတင်းဌာနရော၊ ထိုင်းအမျိုးသားဘောလုံးအသင်းလူကြီးတွေရော လာရောက်အားပေးခဲ့သည်။

ထိုင်းအမျိုးသားဘောလုံးအသင်းမှ နောင်းဖီကို နိုင်ငံသားရဖို. ဆောင်ရွက်ပေးမယ်။ နောင်းဖီမိဘနှစ်ပါးကိုလည်း ကူညီမယ်လို.ဆိုပါသည်။

၅။နောင်းဖီမိဘနှစ်ပါးသည် အလုပ်သမားဘဝအသက်မွေးဝမ်းကြောင်းဖြင့် ရိုးရိုးသားသားလုပ်ကိုင်စားသောက်ပါသည်။

၆။နောင်းဖီအိပ်မက်တစ်ခုကတော့ ထိုင်းအမျိုးသားအသင်းမှာ ဘောလုံးသမားတစ်ဦးဘဝကနေ ကမ္ဘာအဆင့်ဘောလုံးအသင်းထဲ ဝင်ရောက်ကစားနိုင်ဖို.ဖြစ်သည်။

၇။အခုဆိုရင် ထိုင်းတွေက နောင်းဖီကို super hero လို. သတ်မှတ်နေကြပါပြီ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။