ခေတ်လေး နဲ့ သစ်လေးကတော့ နာမည်ကြီးဆယ်လီစုံတွဲ နှစ်ယောက်က မွေးဖွားလာတဲ့ ချစ်စရာ သမီးအမွှာလေး နှစ်ယောက်ပါ ။ သူမတို့ ၂ ယောက်ရဲ့ မိခင်ဖြစ်သူ မေမေချစ်သုဝေကတော့ ခေတ်နဲ့သစ်ရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို အမြဲလိုလို ပရိသတ် အတွက်မျှဝေပေးနေကြမလို့ ပရိသတ်ရဲ့အချစ်တေ အပြည့်ဝရရှိနေတဲ့ ချစ်စဖွယ် အမြွှာလေးတေဘဲဖြစ်ပါတယ် ။

ဒီနေ့မှာတော့ မေမေချစ်သုဝေတစ်ယောက် my twins day out ဆိုတဲ့ စာသားလေးနက်အတူ.ခေတ်နဲ့ သစ်ရဲ့ စားမယ်ဝါးမယ်ပုံရိပ်တွေကို ပရိသတ်ကို သူမရဲ့ လူမှု့ကွန်ယက် စာမျက်နှာကနေတဆင့် ပြန်လည်မျှဝေပေးခဲ့ပါတယ် ။ ခေတ်နဲ့သစ်ရဲ့ အားရပါးရ စားနေပုံလေးတွေကတော့ တကယ်ကိုချစ်စရာပါဘဲ ။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ မနှစ်ကဒီလိုနေ့မှာဘဲ ခေတ်နဲ့သစ်ရဲ့ စားမယ်ဝါးမယ် အာဟာရဖြည့်စွက်စာ စစားတဲ့ video လေးတေတင်ခဲ့ပါသေးတယ် ။

ဖေဖေ မေမေတို့ အနုပညာရှင် ၂ယောက်ထက်တောင် ပိုပြီး ပရိသတ်ချစ်ခင်မှုအများကြီး ရရှိထားတဲ့ ခေတ်နဲ့သစ်ကို ပရိသတ်ကြီးလည်းချစ်မယ်လို့ထင်ပါတယ် ။ ချစ်ပရိသတ်ကြီးအ တွက် ခေတ်နဲ့ သစ်ရဲ့စားမယ်ဝါးမယ် အစီစဉ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source: Chit Thu Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။