အမျိုးသမီးတွေဟာ သရဲကားကြည့်တာ နည်းပါတယ်။ တစ်ချို့ဆို ကြည့်သာကြည့်တယ် မျက်လုံးပိတ်ထားခြင်း၊ လက်နဲ့ မျက်နှာအုပ်ထားခြင်းတို့ပြုလုပ်တတ်ကြပါတယ်။ဒါပေမဲ့ ကျန်းမာရေးသုတေသီတွေအနေနဲ့ သရဲကား ကြည့်တာဟာ ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်ကူပြုကြောင်း ဖော်ပြထားကြပါတယ်။ သည်းထိတ်ရင်ဖိုကြည့်ရတဲ့ ဇာတ်ကားတွေ ဟာရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရတဲ့ သူတွေကို နှလုံးခုန်မြန်စေပြီး ရသတစ်မျိုးကိုခံစားရတယ်ဆိုလည်းမမှားပါဘူး။

ကဲ သရဲကားကြည့်ရင် စိတ်ဖိစီးမှုကိုလျော့ကစေသတဲ့ ။ စိတ်မွန်းကြပ်တာတွေ စိတ်တင်းကျပ်တာတွေ ကို လျော့ကစေတယ်လို့ သိရပါတယ်။ဒီလိုကြောက်စရာကောင်းတာတွေကို ကြည့်ပြီး နှလုံးခုန်သွေးစီးဆင်းမှုတွေ ကောင်းသွားတဲ့အတွက် အခက်ခဲတွေကိုလည်း ရင်ဆိုင်တတ်လာတယ်။ စိတ်တုန်လှုပ်တာတွေကို ရင်ဆိုင် တတ်လာတယ်။ ြ့ပီးတော့ ဉာဏ်ရည်ဖွံ့ဖြိုးလာတယ်။  

ဆိုးကျိုးအနေနဲ့ကတော့ စိတ်ကိုပူပန်စေတဲ့အတွက် နှလုံးရောဂါရှိတဲ့သူတွေ မကြည့်သင့်ပါဘူး။ဝတဲ့သူတွေ ကြည့်သင့်ပါတယ်။ သရဲကားကြ့ည်ပြီး စိတ်ခြောက်ခြားကာ ကယ်လိုရီတွေလောင်ကျွမ်းတဲ့အတွက် ဝတဲ့သူတွေ ကြည့်ရပါမယ်။ လူခန္ဓာကိုယ်ထဲမှာ ကြောက်ရွံ့တုန်လှုပ်တဲ့အခါ သွေးတွေပျစ်လာတဲ့အတွက် များများတော့ မကြည့်သင့်ပါဘူူး။ ဒါကြောင့် ကိုယ်ကနှလုံးကျန်းမာရေးမကောင်းတဲ့သူဆိုရင်တော့ မကြည့်ပါနဲ့။ အားလုံးပဲကျန်း မာကြပါစေ။

Source :Nan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။