ပရိသတ်ကြီးရေ ဗြိတိန်နိုင်ငံမှာဆိုရင်တော့ စွန့်ပစ်အမှိုက်တွေကနေ လောင်စာဆီထုတ်နိုင်တဲ့ စက်တလုံးကို တီထွင်နိုင်သူတစ်ဦးထွက်ပေါ်လာခဲ့ပါပြီ။

သူကတော့ ဗြိတိုင်နိုင်ငံက ပညာရှင်တစ်ဦးဖြစ်တဲ့ နစ်စပန်းဆား ပဲဖြစ်ပါတယ်။ 

သူကတော့ “အိမ်တွင်းစွမ်းအင် အရင်းအမြစ်များယူနစ်-HREU” ဆိုတဲ့အဖွဲ့ကိုတည်ထောင်ကာ လူတွေနေ့စဉ်နဲ့ အမျှစွန့်ပစ်ထားတဲ့ စားကြွင်းစားကျန်နဲ့ အမှိုက်သရိုက်တွေကို လောင်စာဆီအဖြစ်တီထွင်ထုတ်လုပ်နေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် နစ်စပန်းဆားကတော့ စွန့်ပစ်အမှိုက်တွေဟာ တန်ဖိုးရှိလှတဲ့ လောင်စာဆီအရင်းအမြစ်တွေဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။  

နစ်စပန်းဆားကတော့ ဈေးဝယ်တဲ့အခါ လူတွေအသုံးပြတဲ့ ပလတ်စတစ်အိတ်တွေ ၊ စက္ကူကော်ဖီခွက်တွေ ၊ စားကြွင်းစားကျန်လို စွန့်ပစ်ပစ္စည်းတွေကို သူတီထွင်ထားတဲ့ စက်ကလေးလဲထည့်ပြီး လောင်စာဆီအဖြစ်ပြန်လည်ပြောင်းလဲထုတ်လုပ်နေတာပဲဖြစ်ပါတယ်။

အခုအချိန်မှာဆိုရင်တော့ နစ်စပန်းဆားကတော့ ၎င်းလောင်စာဆီထုတ်လုပ်တဲ့ လုပ်ငန်းကို အသေးစားလေး ထုတ်လုပ်နေတယ်လို့လည်းသိရပါတယ်။

SOURCE -DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။