အခုနောက်ပိုင်းထွက်ရှိလာတဲ့ ဖုန်းတွေကို သတိထားကြည့်မယ်ဆိုရင် ဖုန်းတော်တော်များများဟာ နာမည်ကြီး ကားကုမ္ပစီတွေနဲ့ ပူးပေါင်း ထုတ်လုပ်လာတာကိုတွေ့ရပါတယ်။ အခုအခါမှာလည်း Huawei က ကမ္ဘာကျော်ကား ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Rolls Royce နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းအသစ်တစ်လုံးရဲ့ ဒီဇိုင်းပုံရိပ်တွေကတော့ ပေါက်ကြားလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဖုန်းလေးကတော့ Huawei Honor note 10ကို Rolls Royce Edition ဆိုပီး ထုတ်လုပ်တော့မှာပဲ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်မှာတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာတော့ Rolls Royce ရဲ့ အမှတ်တံဆိပ်ကို လှပစွာထည့်သွင်းပေးထားပြီး ကိုယ်ထည်နောက်ပိုင်းကိုလည်း ဖန်သားနဲ့ ုပြုလုပ်ထားတာကြောင့် တောက်ပြောင်နေမှာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် မျက်နှာပြင်ပိုင်းမှာလည်း 6.9 လက်မ ဖြစ်လာမှာဖြစ်ပြီး Super AMOLED သုံးထားတာကို တွေ့ရပါတယ်။ ကိုယ်ထည်ကိုတော့ သတ္တုကိုယ်ထည်နှင့် တည်ဆောက်ထားပေးထားပါတယ်။ အခုလို ဒီဇိုင်းအလန်းနဲ့ ထုတ်လုပ်ထားတဲ့ ROLLS ROYCE EDITION ကို တော့ ဇူလိုင်လအတွင်းမှာ စတင်မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။  

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။