မကြာသေးမီက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းမပေါ်အတွင် ဓာတ်လိုက်သေဆုံးခဲ့တဲ့ အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်းရဲ့ အဖြစ်အပျက်ကို အားလုံးကြားမိမယ်ထင်ပါတယ်။ ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပြီး အနီးကပ်ဆုံးသူတစ်ယောက်ဖြစ်ခဲ့တဲ့ မောင်ကောင်းဟိန်းသာကတော့ သာမာန်ထက်ပိုမိုဝမ်းနည်းခဲ့ရတာတွေ့ရပါတယ်။ 

ဇူလိုင်လ ၁၃ ရက်နေ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မောင်ကောင်းဟိန်းသာကတော့"အဲဒီနေ့က ကျူရှင်က မုန့်စားဖို့ပြန်လွှတ်တာ သားက အိမ်ကို လွယ်အိတ်ပြန်ယူပြီးတော့ ကျူရှင် ကို ပြန်ထားတာ။ ကျူရှင်ကနေပြီး တော့ မုန့်သွားစားတာ။ ချယ်ရီ ဥယျာဉ်နားရောက်ရော သူက ကားလမ်းမရှုပ်နေတယ်။ ငါလမ်းဆင်း လျှောက်မယ်ဆိုပြီး ပြောတယ်။ အဲဒီမှာ သားက စက်ဘီးနဲ့ နင်း သွားတယ်။ သားက ကားလမ်း ကူးဖို့ စက်ဘီးရပ်လိုက်တယ်။ သူက လမ်းလျှောက်လာနေတုန်း HiJet ကားတစ်စီးကရောက်လာ တယ်။ အဲဒီမှာ YBS (၂၆) ကားလာတယ်။ ကားက ရေထဲမှာမောင်း တော့ ရေတွေစဉ်ကုန်တယ်။ အဲဒီ မှာက သူက ငါ့ကိုရေတွေစဉ်ကုန် ပြီးဆိုပြီး ထီးနဲ့နောက်ဆုတ်ပြီး ကာ တယ်။ အဲဒီမှာ သူက ငါ့ကို ဓာတ် လိုက်တယ်ဆိုပြီး လဲကျသွားတယ်။ သားကလည်း ဘာမှမလုပ်တတ်ဘူး။ ဘာမှမလုပ်တတ်တော့ သားထီးကိုင်ပြီးတော့ သူ့နားသွားတယ်။ သားလည်း ဓာတ်လိုက်နေတာနဲ့ ပြန်ပြေးလာတယ်။ သူ့တစ်ယောက်တည်းထားခဲ့လို့ မဖြစ်ဘူး ဆိုပြီး ပြန်လှည့်လာတယ်။ သားက လူတွေကို အကူအညီတောင်း တယ်။ တစ်ယောက်မှ မကူညီကြ ဘူး။ သားလည်း ဘာမှမလုပ်နိုင် ဘူး။  

အဲဒါနဲ့ သူ့မိဘတွေသွားခေါ် တယ်။ သူ့မိဘတွေသွားခေါ်တဲ့ အချိန်မှာ ဘာဖြစ်နေတာလဲဆို တာတော့ သားလည်းမသိဘူး။ သူ့မိဘတွေ သွားခေါ်ပြီး ပြန်လာတဲ့အချိန်မှာ အဲဒီမှာလူတွေဝိုင်းအုံ နေပြီ " ဟူ၍ မျက်ရည်များဖြင့်ပြောပြခဲ့ပါတယ်။ မနေ့က ဓာတ်လိုက်သေဆုံးသူမောင်မျိုးမင်းထွန်းကို ရေဝေးသုသာန်မှာမီးသဂြိၤုဟ်ခဲ့ပြီး ကျောင်းနေသူငယ်ချင်းများစွာကတော့ ငိုကြွေးခြင်းများဖြင့်လိုက်လံပို့ဆောင်ခဲ့တာတွေ့ရပါတယ်။

Source  - 7 Day 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။