မကြာသေးမီက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းမပေါ်မှာ ဓာတ်လိုက်သေဆုံးခဲ့တဲ့ အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်းရဲ့ အဖြစ်အပျက်ကို ကို ပရိသတ်ကြီး သိပြီးဖြစ်မှာပါ ။ တာဝန်ပေါ့လျော့မှုတွေကြောင့် ကလေးငယ်တစ်ယောက် မသေသင့်ဘဲ အသက်ဆုံးရှုံးခဲ့ရတဲ့ အတွက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ဝမ်းနည်းစိတ်မ ကောင်းဖြစ်ခဲ့ရပါတယ် ။ နာရေးကို မိသားစုဆွေမျိုးအသိုင်းအဝိုင်း များစွာနှင့်အတူ ကျောင်း နေသူငယ်ချင်းများစွာလည်း ငိုကြွေးမှုတွေ နဲ့ လိုက်ပါပို့ဆောင်ခဲ့ကြရတဲ့ ပုံရိပ်တွေဟာ တကယ်ကို ရင်နင့်စရာပါဘဲ ။

ဒီအဖြစ်ပျက်နဲ့ ပတ်သတ်ပြီး ဆင်းရဲနွမ်းပါးတဲ့ ဓာတ်လိုက်သေဆုံးသူ ကလေးငယ်ရဲ့ မိသားစုတွေကို အကယ်ဒမီ သရုပ်ဆောင် မြင့်မြတ်နဲ့ အဆိုတော် ယုန်လေးတို့က ငွေကျယ် ဆယ်သိန်းတိတိကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ် ။

" ဒီသတင်းလေး ကို တကယ်စိတ်မကောင်းဖြစ်မိပါတယ် .ကျွန်တော်တို့ နှစ်ယောက် သားလေးရဲ့မိဘတွေကို တတ်နိုင်သလောက် ၁၀သိန်း ကူချင်ပါတယ် . ရူတင်ပြီးတာနဲ့ နှစ်ယောက်လုံး အိမ်တိုင်ယာရောက်သွားအားပေးမှာပါ . နေရပ်လိပ်စာလေး သိမဲ့သူလေး အလင်းပြပေးပါ " ဆိုတဲ့စာသားနဲ့အတူ ယုန်လေးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားခဲ့တာပါ ။

အခုလို အနုပညာရှင်တွေက လည်း ကူညီထောက်ပံ့မယ့် အကြောင်းကို ကြားသိရတာ တကယ်ကို အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါတယ် ။ ပရိသတ်ကြီးကလည်း တတ်နိုင်သမျှ အားလေးနဲ့ သေဆုံးသူကလေးငယ် ရဲ့ နေရပ်လိပ်စာကို လှူဒါန်းချင်တဲ့ အနုပညာရှင်တွေ သိအောင် ကူညီပေးလိုက်ကြပါဦးနော် ။

Source : Aung Phone Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။