သိပ်မကြာသေးခင်က ပရိသတ်တွေကြားမှာ ရေပန်းစားသွားတဲ့အကြောင်းအရာတစ်ခု ကတော့ ကိုယ့်ရဲ့ဖြစ်တည်မှုကို သတ္တိရှိရှိဖွင့်ပြလိုက်တဲ့ ဥက္ကာမင်းမောင်ရဲ့ ဘဝနေ ထိုင်မှုပုံစံပါပဲ။ လိင်တူချစ်သူတစ်ယောက်အဖြစ်နဲ့ ဘဝကိုရဲရဲဝံ့ဝံ့ရပ်တည်နေတာပဲဖြစ်ပါ တယ်။ ယခင်က ခင်ပွန်းရှိခဲ့ဖူး ပေမယ့် ခင်ပွန်းဖြစ်သူဟာ ကွယ်လွန်သွားခဲ့တယ် လို့ဆိုပါ တယ်။ လက်ရှိချစ်သူနဲ့လည်း ချစ်သူသက်တမ်း 2 နှစ်ရှိနေပြီဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အရမ်းကိုချစ်ခင်ကြတယ်လို့လည်းဆိုပါတယ်။

လိင်တူပဲဖြစ်ဖြစ် လိင်ကွဲပဲဖြစ်ဖြစ် အချစ်ဟာအချစ်ပါပဲ။ ရင်ထဲက ဖြူစင်တဲ့မေတ္တာတရားဟာ လူတိုင်းအပေါ်မှာ သက်ရောက်နိုင်တဲ့အတွက် ဒီအပေါ်မှာ လိင်တူ လိင်ကွဲဆိုတဲ့ Gender ခွဲခြားသတ်မှတ်ချက်တွေဟာ အမှန်တကယ်တော့ မလိုအပ်ပါဘူး။ ရင်ထဲကဖြစ်တည်လာ တဲ့ ချစ်ခြင်းမေတ္တာဟာ အဓိကပါပဲ။ လက်ရှိမှာတော့ ဥက္ကာမင်းမောင်တစ်ယောက် အမေရိကန်နိုင်ငံ New York မြို့မှာ ချစ်သူနဲ့အတူ အခြေချနေထိုင်နေတာပဲဖြစ်ပါတယ်။

သူ့ရဲ့ ဘဝဇာတ်ကြောင်းနဲ့ပက်သက်ပြီးတော့လည်း မင်းသမီးခွန်းဆင့်နေခြည်က ရုပ်ရှင် ပြန် လည်ရိုက်ကူးမယ်လို့ဆိုပါတယ်။ တကယ်ကို ဝမ်းနည်းဖွယ် ဖြစ်ရပ်လေးအဖြစ်နဲ့ ပရိသတ် တွေရှေ့ကိုရောက်ရှိဖို့အတွက် ကြိုးစားကြတော့မှာဖြစ်ပါတယ်။ ဥက္ကာမင်းမောင် တစ် ယောက် သူ့ချစ်သူကို အနမ်းခြွေနေတဲ့ပုံရိပ်ကို " Empire State of Mind.... And You are my Empire I love you babe " ဆိုပြီးတင်ထား တာဖြစ်ပါတယ်။ ချစ်သူကိုအရမ်းချစ်ပြီး တန်ဖိုးထားတဲ့ စုံတွဲလေးကိုကြည့်ရတာ တကယ်ကိုကြည်နူးစရာပါ ပရိသတ်ကြီးရေ။

Photo - Ye Htoo Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။