ပြည်သူပြည်သားတွေနေ့စဉ် အသုံးပြုနေရတဲ့ ကူးသန်းသွားလာရေးအခန်းကဏ္ဍမှာ အဓိကပါဝင်နေတဲ့ YBS မော်တော်ယာဉ်များကို ပရိသတ်တွေလည်း စီးနင်းနေကြမယ်ထင်ပါတယ်။ လက်ရှိ အသစ်ရောက်ရှိလာတဲ့ မော်တော်ယာဉ်တွေနဲ့အတူ ယခင်မော်တော်ယာဉ်များစွာကိုလည်း အသုံးပြုပြေးဆွဲနေတာဖြစ်ကြောင်းသိရပါတယ်။  

ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့တွင် မော်တင် လှော်ကားပြေးဆွဲနေသော YBS 39 ယာဉ်လိုင်းတစ်စီးကတော့ ခရီးသွားပြည်သူတွေနဲ့ ခရီးသည်အချို့ကို ထိပ်လန့်စရာဖြစ်စေခဲ့တာတွေ့ရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ YBS 39ယာဉ်လိုင်း ပြေးဆွဲနေစဉ် ပန်ကာကြိုးပြတ်ပြီး မီးခိုးငွေ့များစွာထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါခရီးသည်များနှင့်အတူ ခရီးသွားပြည်သူအချို့ကတော့ အထိပ်တလန့် ဖြစ်ခဲ့ရကြောင်း သိရပါတယ်။ တစ်စုံတစ်ရာထိခိုက်ခဲ့ခြင်းမရှိခဲ့ပေမယ့် လမ်းမပေါ်ပြည်သူတွေနှင့်အတူ ယာဉ်ပေါ်ပါခရီးသည်တွေကို ထိပ်လန့်စေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေ သဘာ၀ အန္တရယ်ကြား သတိထားမိနိုင်ရန် ဒီကနေ့ဖြစ်စဉ်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - ရွှေပြည်သာ ဟစ်တိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။