နူကလီးယား စွမ်းအင်သုံး Enterprise နဲ့ သမားရိုးကျ စွမ်းအင်သုံး Kittyhawk တွေကို လေ့လာပြီးတဲ့ အခါမှာတော့ နှစ်ခုလုံးရဲ့ အားသာချက်တွေကို ပေါင်းစပ်ပြီး နောက်ထပ် လေယာဉ်တင်သင်္ဘော အတန်းအစား တစ်ခု တည်ဆောက်ခဲ့ပါတယ်။ အဲတာကတော့ လက်ရှိ သုံးစွဲနေတဲ့ Nimitz အတန်းအစား ဖြစ်ပါတယ်။Kittyhawk ရဲ့ ဒီဇိုင်းကို အခြေခံခဲ့ပြီး နူကလီးယားစွမ်းအင်သုံး ဖြစ်ပါတယ်။ နူကလီးယားစွမ်းအင်သုံး ဖြစ်လို့လိုအပ်တဲ့ ပြောင်းလဲမှုတွေ (ဥပမာ မီးခိုးခေါင်းတိုင် မလိုတော့တာမျိုး) ကလွဲလို့ နောက်ဆုံး Kittyhawk ဖြစ်တဲ့ JFK နဲ့ ပထမဆုံး Nimitz ၃ စင်းဟာ ဆင်တူပါတယ်။ သံချပ်ကာ အကာအကွယ်ကို တိုးမြှင့်ခဲ့တာကြောင့် တန်ချိန် ၉၁၀၀၀ ရှိလာပါတယ်။  

A4W နူကလီးယားဓာတ်ပေါင်းဖို ၂ လုံး အသုံးပြုတာကြောင့် နေရာအကျယ်အဝန်း ပိုမိုရရှိလာပြီး အရွယ်အစားတူ Kittyhawk တွေထက် ခဲယမ်း တန်ချိန် ၅၀ဝ နဲ့ လေယာဉ်ဆီ ဂါလန် ၁ သန်း ပိုမို တင်ဆောင်နိုင်ပါတယ်။ စတုတ္ထမြောက် အစီးဖြစ်တဲ့ Theodore Roosevelt ကစလို့ နောက်ပိုင်း ၇ စင်းမှာတော့ မူလထက် အနံ ၁၀ ပေခန့် ပိုကျယ်လာပြီး တန်ချိန် ၁၀၂၀၀၀ အထိ ရှိလာပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ အကြီးမားဆုံး စစ်ရေယာဉ်တွေပါ။ သူတို့ကို improved Nimitz class အဖြစ်လည်း သတ်မှတ်ကြပါတယ်။၁၉၇၅ ခု မတ်လမှာ ပထမဆုံး အစင်းဖြစ်တဲ့ Nimitz တပ်တော်ဝင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ ဒသမမြောက်နဲ့ နောက်ဆုံးအစင်း George H W Bush တပ်တော်ဝင်ခဲ့ပါတယ်။  

လက်ရှိအချိန်မှာ သင်္ဘော ၁၀ စင်းလုံး တာဝန်ထမ်းဆောင်ဆဲ ဖြစ်ပြီး ၂၀၁၅ မှာ Enterprise ကို အနားပေးခဲ့ချိန်က စလို့ အမေရိကန်ရေတပ်ရဲ့ တစ်ခုတည်းသော လေယာဉ်တင်သင်္ဘော အတန်းအစား အဖြစ် ရပ်တည်နေပါတယ်။ မကြာမီ Gerald Ford တပ်တော်ဝင်မလာခင် အထိပေါ့။ ၂၀၂၅ ခန့်မှာ ပထမဆုံးသင်္ဘောတွေ စတင် အနားပေးခြင်း ခံရမယ်လို့ ခံမှန်းထားကြပါတယ်။

Source : Zin Min Htet ( Facebook) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။