အခုလို ရုံးပိတ်ရက်တွေမှာ ချစ်ရသူတွေနဲ့ အတူ ပျော်ပျော်ပါးပါး ချက်ပြုတ် စားသောက်နိုင်ဖို့အတွက် အရသာရှိပြီး ထမင်းမြိန်စေမယ့် ငါးခေါင်းဟင်း ချက်နည်းလေးကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။ ငါးမျိုးစုံ ရှိတဲ့ အနက် အခု အသုံးပြုမယ့် ငါးခေါင်းကတော့ ငါးကြင်းခေါင်းပဲ ဖြစ်ပါတယ်။ ငါးကြင်းခေါင်းကို ဝယ်ရတာ လွယ်ကူပြီး ရာသီချိန်ခါ မရွေး ချက်ပြုတ်နိုင်တာမို့ ငါးကြင်းခေါင်းကို အသုံးပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ငါးကြင်းခေါင်း နေရာမှာလည်းမိမိကြိုက်နှစ်သက်တဲ့ ငါးခေါင်းကို အသုံးပြုလို့ ရတယ်လို့ အကြံပေးချင်ပါတယ်။

ငါးကြင်း ငါးခေါင်းဟင်းချက်ရန် ပါဝင်ပစ္စည်းများ

ငါးကြင်းခေါင်း ၂ခေါင်း (ရေဆေးသန့်စင်ထားပါ)။ ငုံးဥ ၁၀လုံး (ပြုတ်ထားပါ)။ ငါးဖယ် ၅ကျပ်သား၊ ကြက်ဥအကာ ၁လုံး၊ ဂျုံမှုန့် ၂ဇွန်း(စားပွဲတင်)၊ ကောက်ရိုးမိူ ၅ကျပ်သား၊ မိူခြောက် ၁ကျပ်သားခန့်၊ မုန်လာဥနီ ၁တောင့်၊ ပန်းပွင့် (၁)ဝက်၊ မုန်လာထုပ် (၅)ဖတ်၊ ပဲပြား ၁တုံး၊ ရှမ်းနံနံ ၄ပင်၊ စပါးလင် ၁ပင်၊ ဂျင်း လက် (၁)ဆစ်၊ ကြက်သွန်ဖြူ ၁မွှာ၊ ခနောချဉ်စပ်ခဲ ၁ခဲ၊ မျှစ်(မိုး)သေး ၁ထုပ်၊ ငရုတ်ပုထောင်း အနည်းငယ်၊ ငံပြာရည်၊ ကြက်သားမှုန့်၊ နှမ်းဆီးမွှေး ၊ငရုတ်သီးစိမ်း၊ သံပုရာသီး တစ်စိပ်- တို့ပဲ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများကို အသေးစိတ် ဖော်ပြပေးထားတာမို့ အရမ်းများတယ်လို့လည်း မထင်လိုက်နဲ့နော်။

ချက်ပြုတ်ပုံ အဆင့်ဆင့်

- ငါးခေါင်းကို ရေဆေးထားပါ။ ကြက်သွန်ဖြူ၊ ဂျင်းထောင်း ထားပါ။ မုန်လာဥ၊ ပန်းပွင့်၊ မုန့်ညှင်းထုပ်၊ ပဲပြား၊ မိူ တို့ကို ရေစင်စင် ဆေးပြီး လှီးထားပါ။

- ငါးဖယ်လုံး လုပ်ရန် ငါးဖယ်ကို ဓား (သို့) ငရုတ်ဆုံဖြင့်ထောင်း ထားပြီး ကြက်ဥ အကာ၊ ဂျုံမှုန့် ၊ ဆား၊ သကြား၊ နှမ်းဆီမွှေးကြက်သွန်ဖြူ ဂျင်းရည် တို့ဖြင့် စေးအောင်ပြန်နယ်ပြီးထားပါ။

- မျှစ်ကို တစ်ရည် ပြုတ်ပြီး သွန်ပစ်ပါ။ အနေတော် လှီးထားပါ။

- ဆီအနည်းငယ် ထည့်၍ နနွင်းထည့်ပါ။ ထောင်းထားသော ကြက်သွန်ဖြူ ၊ ဂျင်း ၊ ဓားပြား ရိုက်ထားသော စပါးလင်ထည့်ပါ။ ရဲခါနီးလျှင် ငရုတ်ပုထာင်း အနည်းငယ် ထည့်ပါ။ ငါးခေါင်းထည့်ပါ။ ငံပြာရည် ထည့်၍ မွှေကာ ရေခန်းသည် အထိထားပါ။

- ရေခမ်းလျှင် ရေထပ်ထည့်၍ တည်ပါ။ ဆူပြီးလျှင် ငါးဖယ်ကို လုံး၍ ထည့်ပါ။

- ငါးဖယ်ပေါ်၍ ခဏနေလျှင် မျှစ်၊ မိူ၊ ပဲပြား၊ ငုံးဥ၊ ဥနီ၊ ပန်းပွင့်၊ မုန်လာထုပ် ထည့်ပါ။

- ခနော ချဉ်စပ်ခဲ ထည့်ပါ။ ငံပြာရည်၊ ကြက်သားမှုန့် တို့ဖြင့် အရသာပြင်ပါ။

- ပွက်ပွက်ဆူပြီး အရသာ အနေတော်ဖြစ်လျှင် ရှမ်းနံနံ ငရုတ်စိမ်း ထည့်ပါ။

- ဟင်းအိုး ချကာနီးမှ သံပုရာသီး ၁စိပ် လောက် ညှစ်ထည့်ပါ။

အခုဆိုတော့ အနံ့ အရသာနဲ့ ပြည့်စုံလှတဲ့ ငါးခေါင်းဟင်း တစ်ခွက်ကို ရရှိပြီပဲ ဖြစ်ပါတယ်။ ချစ်ခင်သူများနဲ့ အတူ အရသာ ရှိရှိ သုံးဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Credit: ချက်ကြမယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။