နေမာ ဆိုတာကတော့ ကလေးလူကြီး ယောကျာ်း မိန်းမ မရွေး ကြိုက်နှစ်သက်ရတဲ့ ဘောလုံးသမားတစ်ဦးပဲဖြစ်ပါတယ်။

ယခုလက်ရှိ PSG အသင်းမှာကစားနေတဲ့ နေမာကတော့ ပိုင်နိုင်လှတဲ့ဘောလုံးစကေးတွေ ကြောင့်သာမက သူရဲ့ အမျိုးမျိုးပြောင်းလဲနေတဲ့ ဆံပင်ပုံစံလေးကလည်း ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့တာပဲဖြစ်ပါတယ်။

မနေ့ကပြီဆုံးသွားခဲ့တဲ့ WORLD CUP ပြိုင်ပွဲကြီးအတွင်းမှာ နေမာ ရဲ့ဘရာဇီးအသင်းဟာ ကွာတားဖိုင်နယ်မှာ ဘယ်ဂျီယံအသင်းကို ရုံးနိမ့်ပြီး အိမ်ပြန်ခဲ့ရသလို အိမ်အပြန်ခရီးကြိုဆိုမှုကလည်း မလှပမှုတွေရှိခဲ့တာတွေ့ရပါတယ်။

World Cup Final ကျင်းပရာနေ့ဖြစ်တဲ့ မနေ့ကဆိုရင်တော့ ဂွာတီမာလာနိုင်ငံမှာ နေမာရဲ့ ပုံရိပ်တွေ ကပ်နှိပ်ထားတဲ့ ကိုကင်း 823 ထုပ်ကိုဖမ်းမိခဲ့တယ်လို့သိရပါတယ်။

ဂွာတီမာလာ နိုင်ငံကရဲတွေကတော့ ၎င်းကိုကင်းတွေကို speedboat တစ်စီးပေါ်တွင် လူသုံးယောက်နဲ့အတူ ဖမ်းမိခဲ့တာပဲဖြစ်ပါတယ်။

၎င်းဖြစ်ရပ်အတွင်းက ရဲတွေအတွက် အဖြေမထုတ်နိုင်တဲ့ ကိစ္စရပ်တစ်ခုကတော့ ၎င်းကိုကင်းထုတ်တွေပေါ်မှာ ဘာကြောင့်နေမာရဲ့ ပုံတွေကပ်နှိပ်ထားသလဲဆိုတာပါပဲ။

တချို့သူတွေကတော့ ဘိန်းရာဇာတစ်ဦးက နေမာကိုကြိုက်နှစ်သက်တာကြောင့် ကိုကင်းထုပ်တွေပေါ်မှာ နေမာရဲ့ ပုံရိပ်တွေကပ်နှိပ်ထားတာလို့ ပြောဆိုနေကြသလို ဒီကိစ္စဟာ နိုင်ငံတော်တော်များများက လူတွေစိတ်ဝင်တစားစောင့်ကြည့်နေနေရတဲ့ အရာတစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။

ကလေးလူကြီး ယောကျာ်းမိန်းမ မရွေးကြိုက်နှစ်သက်သူများလှတဲ့ ဘရာဇီး ဘောလုံးစတား နေမာ ကတော့ မူးယစ်ဆေးဂိုဏ်ခေါင်းဆောင်တစ်ဦးရဲ့ ခရေစီဘောလုံးသမား ဖြစ်နေလားဆိုတာကလည်း စဉ်းစားစရာတစ်ခုဖြစ်နေသလို အခြားသော စဉ်းစားစရာကိစ္စတွေလည်လည်းများစွာရှိနေတာပဲဖြစ်ပါတယ်။

စဉ်းစားစရာတွေများစွာနဲ့ ဒီဖြစ်ရပ်လေးကိုရော ပရိသတ်တွေဘယ်လိုထင်ကြလဲ။

source  - The Sum

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။