မနေ့ကတော့ မြန်မာယူ ၁၉အသင်းဟာ ဗိုလ်လုပွဲကစားပြီး ဒုတိယ ငွေတံဆိပ်ဆုနဲ့အတူ သူတို့အမိမြန်မာပြည်ကို ဂုဏ်ယူစွာနဲပြန်လာခဲ့ပြီဖြစ်ပါတယ်ပရိသတ်တွေကလဲ ဒုတိယဆုရရှိခဲ့တဲ့ မြန်မာယူ ၁၉အသင်း ကို လေဆိပ်မှာလက်ဆောင်တွေနဲ့အတူ သွားရောက်ကြိုဆိုခဲ့ပါတယ်။ ငွေတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာယူ 19 ကို " မြန်မာနိုင်ပြီ" ဆိုတဲ့ သီချင်းလေးနဲ့အတူ ဂုဏ်ပြုပေးလိုက်ပါတယ်။

အကောင်းဆုံးကြိုးစားခဲ့ပေမဲ့လဲ ဒုတိယဆုနဲ့ကျေနပ်ခဲ့ရတဲ့ မြန်မာယူ 19ကို ပရိသတ်တွေကတော့ နားလည်ပေးခဲ့ပြီး လေဆိပ်မှာ အပြုံးတွေနဲ့လာရောက်ကြိုဆိုပေးခဲ့ပါတယ်။မြန်မာယူ ၁၉ကစားသမားတွေကတော့ အခုလိုအပြုံးတွေနဲ့ ကြိုဆိုခံရတာကြောင့် ဝမ်းသားပီတိဖြစ်နေကြပါတယ်။မြန်မာ ယူ ၁၉အသင်းအနေနဲ့ ဒီပြိုပွဲကနေ ပရိသတ်တွေကို သင်ခန်းစားတစ်ခုတော့ ပေးသွားပါတယ်။

တစ်ချို့ပရိသတ်တွေပြောကြတဲ့ ထိုင်းအသင်းနဲ့တွေ့ရင် မြန်မာတွေရှုံးမှာပဲ ဆိုတဲ့ စိတ်တွေကို ရိုက်ချိုးပြီး ထိုင်းအသင်းကို အနိုင်ရယူပြခဲ့ပါတယ်။ ပရိသတ်တွေကတော့ မြန်မာအသင်း ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပေမဲ့လဲ ထိုင်းကို အနိုင်ရရှိလို့ ကျေနပ်နေကြပါတယ်။မြန်မာအသင်းအနေနဲ့ အစတုန်းက ဆီမီးတွေကနေ လည့်ပြန်လာခဲ့ရပေမဲ့လဲ အခုတော့ ဖိုင်နယ်ကနေ ဒုတိယဆုနဲ့သာလှည့်ပြန်လာရတာကြောင့် မြန်မာ ယူ-19ရဲ့ ကြိုစားမှုတွေကို အသိအမှတ်ပြုပေးသင့်ပါတယ်။

SOURCE: Myanmar Football 12th Players

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။