နာမည်ကြီးအဆိုတော် သုံးယောက်ဖြစ်တဲ့ ရဲရင့်အောင် ၊ ကျော်ထွဋ်ဆွေ နဲ့ ချမ်းဟိန်းတို့ အဆိုတော် သုံးယောက်ရဲ့ " ဆော်ကြည်မှာစိုးလို့ " လို့ဆိုတဲ့ အမိုက်စား သီချင်းတစ်ပုဒ် ထွက်ရှိလို့လာပါတယ် ။ နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းစွဲ ဖြစ်တဲ့အပြင် ဖန်တွေ အမြောက်မြားရဲ့ အားပေးထောက်ခံမှုရရှိထားတဲ့ အဆိုတော် တွေက ဆော်ကြည်မှာ စိုးလို့ပါဆိုတဲ့ သီချင်းမှာ ဟာသပုံစံလေးနဲ့ မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ် ။

ဒီ MTV လေးမှာ သုံယောက်လုံး မိတ်ကပ်တွေညိုအောင်ပြောင်းထားပြီး ဝက်ခြံတေနဲ့ဆံပင် ပုံစံတွေပါ ပြောင်းလဲပြီး သရုပ်ဆောင်ထားတာတွေ့ရပါတယ် ။ ပရိသတ်တွေအတွက် ဟာသ အမြင်တစ်မျိုးကို ရရှိစေဦးမယ်လို့ထင်ပါတယ် ။ ဆော်အရမ်းကြည်လို့ ဒုက္ခရောက်နေတဲ့ ကောင်လေးတွေရဲ့အကြောင်းကို ဟာသနှောပြီးရေးဖွဲ့ထားတာ တကယ်ကိုချစ်စရာကောင်းပြီး ပရိသတ်ကို ပြုံးပျော်စေပါတယ် ။

အဆိုတော် ချမ်းဟိန်းက လဲ ❝ စော်ကြည်မှာစိုးလို့ ❞ ဝန်းရံပေးကြတဲ့ ကိုကျော်ကြီး, ရဲရင့် အောင်  နှင့်တကွ စော်ကြည်မှာစိုးလို့ Music Video အား ကြည့်ရှုကြမယ့် စော်ကြည်မှာ စိုးလို့ ဘော်ဘော်များ ဒီသီချင်းနဲ့အတူ ရုပ်ဆိုးတာကို ဆင်ခြေပေးလို့ရပါပြီခဗျ လို့ လူမှုကွန် ယက်စာမျက်နှာကနေ တစ်ဆင့် အရွှန်းဖောက်ထားပါသေးတယ် ။ ချစ်ပရိသတ်ကြီး အတွက် " ဆော်ကြည်မှာစိုးလို့ " ဆိုတဲ့ MTV သီချင်းလေးကို ပြန်လည်မျှဝေပေးလိုက် ပါတယ်နော် ။

Source : FG Entertaiment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။