လူတွေဟာ ညမှာအိပ်စက်အနားယူလည်းရှိကြပါတယ်။ တစ်ရက်လုံးအလုပ်လုပ်ပြီး အနာယူတဲ့အချိန်တော့ရှိ သင့်ပါတယ်။ခုချိန်မှာတော့ နေ့ခင်ဘက် မိနစ် ၂၀ ခန့်အိပ်စက်ခြင်းက ကျန်းမာရေးအတွက်ကောင်းရုံတင်မက ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ တိုးတက်လာခြင်းတွေကိုပါ တွေ့ရှိလာရပါတယ်။ ဒါပေမဲ့ နေ့ခင်းဘက်အချိန် အများကြီးယူပြီး အိပ်စက်တာဟာလည်း ကျန်းမာရေးအတွက်ထိခိုက်စေပေါတယ်။

နေ့ခက်ဘက် ခဏလောက်အိပ်စက်ခြင်းက စိတ်ကိုနိုးကြားတက်ကြွစေပါတယ်။ အာရုံစူးစိုက်နိုင်ပါတယ်။ပင်ပန်း နွမ်းနယ်မှုကိုလည်း လျော့ကျစေပါတယ်။မှတ်ဉာဏ်အားကောင်းစေပြီး အသက်မရွေးဖြစ်တတ်တဲ့ နှလုံးအား နည်းခြင်းကိုလည်း အထောက်ကူဖြစ်စေပါတယ်။နေ့ခင်းဘက်တစ်ရေးအိပ်ခြင်းက နှလုံးဝေဒနာဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။စိတ်ဖိစီးမှုကိုလျော့ကျစေတယ်။ အိပ်စက်လိုက်တဲ့အတွက် စိတ်ဖိစီးမှုဟော်မုန်းတွေ ကျဆင်းပြီး ဦးနှောက်စွမ်းရည်ကို ပြည့်ဝစေပါတယ်။ 

တစ်ကယ်တော့ လူတွေကနေ့ခင်းဘက် တစ်ရေးအိပ်တာက ပိုဝစေတယ်လို့ ထင်မြင်ယူဆကြပါတယ်။တစ် ကယ်တော့မဟုတ်ပါဘူး။ တစ်ရေးလောက်အိပ်လိုက်ခြင်းက လန်းဆန်တက်ကြွစေပြီး စိတ်ကျေနပ်မှုကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ ပြီးတော့ စိတ်တိုခြင်း၊ ဒေါသထွက်ခြင်းတို့ကိုလည်း ပပျေက်စေတာမို့ အလုပ်ခွင်မှာဘဲ ဖြစ်ဖြစ် ခဏလေးမှီန်လိုက်ခြင်းဖြင့် အလုပ်ခွင်မှာလည်း စိတ်ဝင်စားမှုရှိသလို ပတ်ဝန်းကျင်မှာလည်း ပျော်ရွင် မှုရှိစေတာ အမှန်ပါပဲ။

Source : ကြေးမုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။